အောင်လံမြို့နယ်တွင် မဲရုံများဖွင့်လှစ်ရန် လျာထားသည့်နေရာများအား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများဖွင့်လှစ်ရန် လျာထားသည့်နေရာများအား ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ တာဝန်ရှိသူများမှ လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။