မကွေးတိုင်းဒေသကြီး

ကံမမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်စေရေး စစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်စေရေး စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်ခန်းမ၌ နိုဝင်ဘာ (၉) ရက်နှင့် နိုဝင်ဘာ (၁၀) ရက်နေ့  (၂) ရက်ကြာ ဆောင်ရွက်ခဲ့ကြသည်။

အောင်လံမြို့၌ ဒုတိယအကြိမ်ကပ်ထားကြေညာမည့် မဲစာရင်းပြည့်စုံမှန်ကန်ရေး အဖွဲ့စုံဖြင့် စစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိပြည်သူများ မဲပေးနိုင်ရေး၊ မဲစာရင်းပြည့်စုံမှန်ကန်စေရေး အတွက် ဒုတိယအကြိမ် ကြေညာမည့် မဲစာရင်းများကို ယမန်နေ့နံနက် ၁၀ နာရီက အောင်လံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ခရိုင်အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများအပြင်ပြင်ပစာပေကောင်းများ ဖတ်ရှုလေ့လာသိရှိခြင်းဖြင့် အသိပညာဗဟုသုတများ တိုးတက်ပြီး ဘဝငါးတန်ပြည့်စုံကြွယ်ဝသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉) ခွဲအချိန်က မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ဖြူမြို့၌ မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းပြည့်စုံမှန်ကန်စေရေး မဲဆန္ဒပေးခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မဲပေးနိုင်ရေး၊ မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ပြန်လည်စိစစ်စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။

ငဖဲမြို့နယ်၌  ဒုတိယအကြိမ်ကြေညာမည့်မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေး စစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ဒုတိယအကြိမ်ကြေညာမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

စလင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် စလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် (U-H-W)ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ ဗဟုသုတတိုးပွားစေရန်နှင့် ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများရရှိစေရန် ၊လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာ ရီခွဲက စတင်ကျင်းပကြောင်း သိရသည်။

နတ်မောက်မြို့၌ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာဥပဒေအသိပညာပေးဟောပြော 

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တောင်တွင်းကြီးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (ဆတ်သွား) တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်းကျောင်း (ဆတ်သွား) ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်း ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံ ချည်မျှင်ရှည်ဝါ ၄၈၇၂ ဧက စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံ ၄၈၇၂ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး