မကွေးတိုင်းဒေသကြီး

ပခုက္ကူမြို့နယ်၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး ပြန်လည်စိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိပြည်သူများ မဲပေးနိုင်ရေး၊ မဲစာရင်းပြည့်စုံမှန်ကန်စေရေးနှင့် ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေးတို့အတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ပြန်လည်စိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မင်းဘူး(စကု)မြို့နယ် ခန်‌ကုန်းကျေးရွာအုပ်စုများမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီခွဲက မင်းဘူး(စကု)မြို့နယ် ခန်ကုန်းကျေးရွာအုပ်စု၊ ဘုမ္မနိုးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ရတနာဇေယျုံ ဓမ္မာရုံတွင် ကျေးရွာအုပ်စုအတွင်းမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တောင်တွင်းကြီးမြို့နယ်ရှိ “သင်း” ပဲကြော်၊ ပဲလှော်လုပ်ငန်းအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် “သင်း” ပဲကြော်၊ ပဲလှော်နှင့် အကြော်စုံလုပ်ငန်းပိုင်ရှင်နှင့် အလုပ်သမားများအား ယမန်နေ့နံနက် (၇) နာရီခွဲက မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဂန့်ဂေါမြို့၌ ပုဂ္ဂလိကပိုင်ဆေးရုံအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ မီးဘေးအန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ပုဂ္ဂလိကပိုင် နေလအထွေထွေရောဂါကုဆေးရုံအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။ 

နတ်မောက်မြို့၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည့်နေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မြို့တော်ခန်းမ၌ ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည့်နေ့ အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၇ ရက် နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ RBF စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း (RBF) လုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ ဗိုလ်ချုပ်လမ်းသွယ် အုတ်ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းသွယ် အုတ်ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁၅ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံက သိရသည်။

ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ဇီးတောကျေးရွာအုပ်စုမှ တောင်သူ ၃၁ ဦးအား စိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်း ၁၆၀ ကို စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက် (၈၅) နှစ်အထက် အငြိမ်းစားဝန်ထမ်းများအား အခမဲ့ဆေးကုသပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက် (၈၅) နှစ်အထက် အဘိုးအဘွားများနှင့် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါများ စစ်ဆေးပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး