မကွေးတိုင်းဒေသကြီး

မင်းလှမြို့၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက တောင်ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၈၈၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၈၈၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကံမမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကား

မြန်မာသက္ကရာဇ် ၁၃၈၇-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ပေါ်ရပ်ကွက်များရှိ ဆုတောင်းပြည့်စေတီတော်၊ ရွှေစည်းခုံစေတီတော်၊ သင်္ကန်းနက်ဘုရား၊ ရွှေနန်းပိုင်ဘုရား၊ ရွှေခရုတောက်ဘုရား၊ ငါးထပ်ကြီးဘုရားနှင့် ကန်လယ်ဘုရားတို့၌ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်တွင် ကျောင်းသားဟောင်းကြီးများ၏ စတုတ္ထအကြိမ်မြောက် စုပေါင်းကထိန်သင်္ကန်းကပ်လှူပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ပရိယတ္တိစာသင်တိုက်ကြီးတွင် ကျောင်းသားဟောင်းကြီးများမှ စုပေါင်း၍ စတုတ္ထအကြိမ်မြောက် ကထိန်သင်္ကန်းကပ်သူများဖြင့် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းက မြန်မာလူမျိုးတို့၏ ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများ၌ ဥပုသ်သီလဆောက်တည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများနှင့် စည်ကားလျက်ရှိသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အပြည့်အဝ ဖြန့်ဝေပေးနိုင်ရေးအတွက် ရေလက်တံမြောင်းများ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အပြည့်အဝဖြန့်ဝေပေးနိုင်ရန် မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေ ဖြန့်ဝေပေးလျက်ရှိသော တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ ရေလက်တံမြောင်းများ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မကွေးမြို့၊ တိုင်းပြည်သူ့ဆေးရုံကြီး၌ ဆေးဘက်ကျွမ်းကျင် (၃) (ဓါတ်မှန်) (၆) လသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဦးဆောင်မှုဖြင့် တိုင်းပြည်သူ့ဆေးရုံကြီး၊ ဆေးဘက်ကျွမ်းကျင်(၃) (ဓါတ်မှန်) (၆) လ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပရာ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားလွှတ်‌ တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊သူနာပြုဆရာမကြီးများ၊ ဓါတ်မှန်ဌာနမှ သင်တန်းဆရာများနှင့် ဆေးဘက်ကျွမ်းကျင် (၃) (ဓါတ်မှန်) (၆) လ သင်တန်းသို့ တက်‌ရောက်ခဲ့သော သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဗိဿနိုးသစ္စာပေါင်းကူးတံတား(၂)ဖွင့်ပွဲအခမ်းအနားတက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့နယ် ဗိဿနိုးနယ်မြေ၊ ကနီကျေးရွာတွင် ကျင်းပသည့် သဲဖြူနှင့်မဟာမြိုင်တောရသာသနာပြုဆရာတော်ကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာ   ဗိဿနိုးသစ္စာပေါင်းကူးတံတား(၂)ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ချီးမြှင့်သည်။

နတ်မောက်မြို့၌ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre)ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

သရက်မြို့၌ (၉၈)ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင် (၆၂)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေ လောင်းလှူ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လစဉ်လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် (၉၈) ကြိမ်မြောက်သာသနာ့အနွယ်ဝင် သီလရှင်(၆၂)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေ လောင်းလှူပွဲကို ယမန်နေ့ နံနက် (၈)နာရီက ပြည်တော်အေး ရပ်ကွက်ဆင်ဖြူတော် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

တန်ဆောင်မုန်းလပြည့်နေ့၌ မင်းဘူးမြို့ စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင် မီးပုံးပျံလွှတ်တင်ခြင်းနှင့် ဆီမီးထွန်းညှိပူဇော်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ညက မီးပုံးပျံများလွှတ်တင်ကာ ဆီမီးများ ထွန်းညှိပူဇော်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး