မကွေးတိုင်းဒေသကြီး

မင်းလှမြို့နယ်ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ် စစ်‌ဆေးပေးပြီး ဆေးကုသပေးမှုများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့ နံနက် ၉ နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ မန္တလေးငလျင်ဘေးသင့် အမခံအလုပ်သမားများအတွက် သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစု ထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို မင်းဘူးမြို့ ထောက်ရှာပင်ရေနံမြေ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းတွင်  ကျင်းပရာ ထောက်ရှာပင်-ထန်းကိုင်း-ရေနံမ-ရေနံမြေဌာနများ၊ သက်ဆိုင်ရာ အလုပ်ဌာနများမှ အလုပ်သမားများ၊ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

ငဖဲမြို့နယ်၌ မြို့လုံးကျွတ် ဌာနဆိုင်ရာစုပေါင်း မဟာဘုံကထိန် ပဒေသာပင်လှည့်လည်ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုး၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မရပ်ကွက်နှင့် ကျောင်းတွင်းရပ်ကွက်အတွင်းရှိ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ မြို့လုံးကျွတ် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ ကထိန်ပွဲကျင်းပပြုလုပ်မည့် ကျောင်းတွင်းရပ်ကွက်ရှိ ကုန်းမြင့်ရတနာ ဘုန်းတော်ကြီးကျောင်းသို့ စီတန်းလှည့်လည် ကျင်းပပို့ဆောင်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များ၏ (၃၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များ၏ (၃၈)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃ ရက်၊ ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်ဇနီး၊ မကွေးတပ်နယ်မှ တပ်မတော်အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာအလှူရှင်များ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ (၃၈) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်ပြည်သူများ၏ (၃၈)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း‌အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် စေတနာအလှူရှင်များ တက်ရောက်ခဲ့သည်။

စလင်းမြို့နယ်တွင် (၂၆)ကြိမ်မြောက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ(၂၆) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းနှင့်ပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် (၂၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၏ (၂၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ​အထွေထွေ အုပ်ချုပ်ရေးမှူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂန့်ဂေါမြို့၌ အကြိမ် (၃၀) မြောက် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် စေတနာရှင်ပြည်သူများ၏ (၃၀) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဂန့်ဂေါမြို့ကျက်သရေဆောင်သာသနာ့ဗိမာန်တော် ကြီးတွင် ကျင်းပရာ ရှေးဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ အဖွဲ့ဝင် ရှုံးရှီကျေးရွာ လယ်တီကျောင်းဆရာတော် ဘဒ္ဒန္တတိက္ခသာမိထံမှ ငါးပါးသီလကို ခံယူဆောင်တည်ကြသည်။

နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြစည်းခုံလမ်းနှင့်လမ်းမတော်လမ်းတို့၌ ရေစီးရေလာကောင်းမွန်ရေး မြေသားရေမြောင်းတူးဖော်ပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြစည်းခုံလမ်းနှင့် လမ်းမတော်လမ်းတို့၌ ယမန်နေ့က ရေစီးရေလာကောင်းမွန်ရေးမြေသား ရေမြောင်းများ တူးဖော်ခဲ့သည်။

ရေစကြိုမြို့နယ်တွင် (၃၆)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် ကပ်လှူခြင်း အခမ်းအနားကျင်းပ

ရေစကြိုမြို့နယ်တွင် (၃၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကပ်လှူခြင်း အခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ဥပဋ္ဌာကအဖွဲ့၊ ရေစကြိုမြို့ရှိ စေတနာရှင် ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ စုပေါင်းပြီး ရေစကြိုမြို့၊ ရွှေဂူကြီးဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး