မကွေးတိုင်းဒေသကြီး

အောင်လံမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အောင်လံမြို့၌ ကောက်ရိုးထုံးစက်(Round Baler)နှင့် ရိုးဖြတ်ရိတ်စက်(Rotary Mulcher) အသုံးပြု၍ တောင်သူအကျိုးပြုလုပ်ငန်း သရုပ်ပြဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ မိုးကောင်းကျေးရွာရှိ တောင်သူ ဦးကျော်စွာဝင်း ဦးပိုင်အမှတ်(၁၉) ကွင်းအမှတ်(၈၇/၈၂) လယ်မြေ ၃ ဧကတွင် ယမန်နေ့က အောင်လံမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနက ကောက်ရိုးထုံးစက်(Round Baler) နှင့် ရိုးဖြတ်ရိတ်စက်(Rotary Mulcher)များ အသုံးပြု၍ တောင်သူအကျိုးပြုလုပ်ငန်းများ သရုပ်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၁၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့တွင် သစ်ပင်စိုက်ပျိုးပွဲနှင့် သမဝါယမခြံထွက်ကြက်ဥလှူဒါန်းပွဲကျင်းပ

မြန်မာ့သမဝါယမလုပ်ငန်းစတင်ခြင်း (၁၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ကြီးမှူး၍ ဒီဇင်ဘာလ ၁၃ ရက်နေ့က မကွေးမြို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာနရှိ ဝန်ထမ်းနှင့်မိဘမဲ့ကလေးများအား သမဝါယမအသင်းစုချုပ်ခြံထွက်ကြက်ဥ (၂၅၅) လုံးနှင့် ကလေးအသုံးအဆောင်ပစ္စည်းများအား လည်းကောင်း၊ မကွေးမြို့ အောင်မေတ္တာ(က)ရပ်ကွက်နေ အိမ်ထောင်စု(၆၀)စု၏ မိသားစုဝင်များအား တစ်ဦးလျှင် ကြက်ဥ (၁၀) လုံးနှုန်းဖြင့် အလုံး(၆၀၀)အား ပေးအပ်လှူဒါန်းခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မိုးစပါး ၃၆၇၉၄ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် စပါး ၉၂ ဒသမ ၇၁ တင်းနှုန်းထွက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၃၆၇၉၄ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ စပါးအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် စပါး ၉၂ ဒသမ ၇၁ တင်းနှုန်းထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်ရှိ ညောင်ကိုင်းကျေးရွာနှင့် သနပ်ပင်စုကျေးရွာတို့၌ မီးလင်းရေးဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ညောင်ကိုင်းကျေးရွာနှင့် သနပ်ပင်စုကျေးရွာတို့၌ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာနှစ်ရွာ၌ ကျင်းပပြုလုပ်ဆောင်ရွက်သည်။

ချောက်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ရှိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မဲရုံမှူး၊ ဒုမဲရုံးမှူးနှင့် MEVMစက်ကိုင်တွယ်မည့်သူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များအား တပ်ဆင်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်နှင့်  တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အား သွားရောက်ဖူးမြော်နိုင်ရန် ဘေလီသံဘောင်တံတားတစ်စင်း တပ်ဆင်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပစဉ်ကာလ အောက်စက်တော်ရာ(ခြေတော်ရာ)အား အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်ကြသူများ လွယ်လင့်တကူ အဆင်ပြေစွာ သွားရောက်ဖူးမြော်နိုင်စေရန် ယာယီဘေလီသံဘောင်တံတားတစ်စင်းကို ဒီဇင်ဘာ ၁၄ ရက်မှ စတင်ပြီး တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်ရှိ ထနောင်းတော-အိုင်းမလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး)မှ တာဝန်ယူဆောင်ရွက်ခဲ့သော မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်ရှိ ထနောင်းတော-အိုင်းမလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါလမ်းမပေါ်၌ ကျင်းပသည်။

ရေနံချောင်းမြို့နယ်၌ အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူမှုဖူလုံရေးထောက်ပံ့ငွေနှင့် ပညာသင်စရိတ်ထောက်ပံ့ငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ လူမှုဖူလုံရေးထောက်ပံ့ငွေနှင့် ပညာသင်စရိတ်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ လူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိသည့်နည်းတူ မကွေး တိုင်းဒေသကြီး ဒီဇင်ဘာလူထု အားကစားလ  စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၇ ရက်နေ့ နံနက် ၅ နာရီခွဲက မကွေးမြို့ တိုင်းအားကစားကွင်း‌ရှေ့၌ ကျင်းပရာ စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်‌မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ တက္ကသိုလ်/ ဒီဂရီ ကောလိပ်များမှ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စုစုပေါင်းအင်အား (၄၈၀၀) ကျော်  တက်ရောက်၍ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး