ကော့သောင်းမြို့နယ်၌ Football for School အစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်
ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအနေဖြင့် Football for School အစီအစဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘောလုံးအားကစားကိုစိတ်ဝင်စား၍ ပါဝင်ဆောင်ရွက်နိုင်ရန်၊ ဘောလုံးအားကစားကိုမြတ်နိုး၍ အခြေခံပညာကျောင်းများမှ ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် Football for School အစီအစဉ်အား ဇွန်လ(၁၉)ရက်နေ့မှစ၍ ကော့သောင်းမြို့နယ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။