ပလောက်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် (၁) နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းများ ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ပြည်သူ့ကျန်းမာရေးဌာနတွင် ကျန်းမာရေး ဆရာမများနှင့် သားဖွားဆရာမများမှ မြို့ပေါ် (၄) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁) နှစ်ခွဲအောက်ကလေးငယ်များအား ယနေ့နံနက် ၉ နာရီက စတင်ပြီး လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို အဆိုပါ ပြည်သူ့ကျန်းမာရေးဌာနရုံးခန်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။