ထားဝယ်မြို့နယ်နှင့်ရေဖြူမြို့နယ်အတွင်း တရားမဝင်သယ်ဆောင်လာသည့် ခဲမဖြူ၊ အဖြိုက်နက် ၁၄ တန်ခန့် ဖမ်းဆီးရမိမှုနှင့်စပ်လျဉ်း၍ သတင်းပေးသူ၊ ဖမ်းဆီးသူများအား ဆုချီးမြှင့်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်အတွင်း တရားမဝင်သယ်ဆောင်လာသည့် ခဲမဖြူ၊အဖြိုက်နက်နှင့် ခဲမဖြူအဖြိုက်နက်ရောရာသတ္တုပစ္စည်း ၁၃ ဒသမ ၉၈၀ တန် အမှုတွဲ(၁၁)မှုဖြစ်သည့် ရာဇဝတ်ကြီးမှု တစ်မှုချင်းအလိုက် ပါဝင်သော ဖမ်းဆီးသူ၊ ရှာဖွေသက်သေနှင့်သတင်းပေးသူတို့အား ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။