တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းရင်းသားရေးရာစင်တာဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာစင်တာဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ထားဝယ်မြို့၊ တိုင်းရင်းသားရေးရာ စင်တာရုံး၌ ကျင်းပခဲ့သည်။

လောင်းလုံးမြို့နယ်၌ (ပဉ္စမအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်း အခမ်းအနားကျင်းပ

‎‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအား (ပဉ္စမအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်း အခမ်းအနားကို ထားဝယ်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့၌ MEVM မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများအား မဲဆန္ဒနယ်အသီးသီးသို့ ပို့ဆောင်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဒီဇင်ဘာ၂၈ရက်နေ့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆောင်ရွက်ရန် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများအား ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် သတ်မှတ်မဲဆန္ဒနယ်အသီးသီးသို့ ပို့ဆောင်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်း အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅-၂၀၂၆ခုနှစ်၊ နွေစပါး၊ ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နေကြာ)စံပြကွက်နှင့် ဆောင်းသီးနှံစိုက်ပျိုးသည့် အကျိုးဆောင်တောင်သူများအား (ပဉ္စမအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်းအခမ်းအနားကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ခရစ်စမတ်ညစာစားပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ခရစ်စမတ်ညစာစားပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ အိမ်ရာဝင်းအတွင်း၌ကျင်းပရာ ဦးစွာ ခရစ်ယာန် ဆရာတော်လင်းလင်းက အဖွင့်ချီးမွမ်းသည်။

ထားဝယ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်သရုပ်ပြမဲပေး

တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်သရုပ်ပြမဲပေးနေမှုကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ထားဝယ်သူနာပြုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(တိုင်းဒေသကြီးတာဝန်ခံ) မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ(မွမ်းမံ)သင်တန်းအားကြည့်ရှုအားပေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ (မြို့နယ် အဆင့်)မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ (မွမ်းမံ) သင်တန်းကို ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ဖွင့်လှစ်လျက်ရှိရာ ဒီဇင်ဘာ ၂၄ ရက်က  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံဦးသန်းထွတ်သိန်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

ထားဝယ်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ(မွမ်းမံ)သင်တန်းဖွင့်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ (မြို့နယ်အဆင့်)မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ(မွမ်းမံ)သင်တန်းကို ထားဝယ်မြို့တော်ခန်းမ၌ဖွင့်လှစ်လျက်ရှိရာ ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံဦးသန်းထွတ်သိန်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးသည်။

ကော့သောင်းမြို့တွင် မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးဥပဒေအကြောင်း ရှင်းလင်းခြင်းနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်လျှော့ချရေးနည်းပညာပေးသင်တန်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်လုပ်ငန်းရှင်များအား မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးဥပဒေအကြောင်း ရှင်းလင်းခြင်းနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်လျှော့ချရေးနည်းပညာပေးသင်တန်းကို ယမန် နေ့နေ့လည်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးတွင် ဆောင်ရွက်သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး