တနင်္သာရီတိုင်းဒေသကြီး

ခမောက်ကြီးမြို့ရှိ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ရက် နံနက် ၆ နာရီ၌ မဲရုံးအသီးသီးအား စတင်ဖွင့်လှစ်ရာ မဲဆန္ဒရှင်ပြည်သူများက ခမောက်ကြီးမြို့အတွင်းရှိ မဲရုံအမှတ်(၁)တွင်  လာရောက်မဲပေးလျက်ရှိသည်။

ကရသူရိမြို့၌ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ ဆန္ဒမဲလာရောက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်က ကရသူရိရပ်ကွက် မဲရုံအမှတ်(၁)တွင် စတင်ဖွင့်လှစ်ရာ ရပ်ကွက်/ကျေးရွာများရှိ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိင်း သိရသည်။

ကော့သောင်းမြို့နယ်၌  မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ယနေ့နံနက်(၆)နာရီမှစတင်ကာ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။

ဘုတ်ပြင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပသည့် ရပ်ကွက်/ကျေးရွာများရှိ မဲရုံအသီးသီးတွင် ပြည်သူများ ဆန္ဒမဲလာရောက်ပေး

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပလျက်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲရုံအသီးသီးတွင် ယနေ့နံနက်(၆)နာရီအချိန် မဲရုံးများစတင်ဖွင့်လှစ်၍ ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲလာရောက်ပေးလျက်ရှိသည့်။

၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ဆန္ဒမဲပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၁) ကို ယနေ့နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်လျက်ရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် မိသားစုဝင်များသည် သက်ဆိုင်ရာမဲရုံများတွင် စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ ဆန္ဒမဲများ ပေးခဲ့ကြသည်။  

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြိတ်မြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ယနေ့ နံနက်၆နာရီမှစတင်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ မဲဆန္ဒနယ်အလိုက်မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြိတ်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက နိုင်ငံသားအခွင့်အရေးနှင့်ဆန္ဒမဲပေးပိုင်ခွင့်ရရှိသောအခွင့်အရေးကို လက်လွတ်မခံအမျိုးသားရေးအခွင့်အလမ်းတို့ကို ပြည့်ပြည့်ဝဝအသုံးချကာ မိမိကြိုက်နှစ်သက်ရာပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် လွတ်လပ်စွာဆန္ဒမဲပေးရွေးချယ်ကြသည်။ မြိတ်မြို့နယ်အနေဖြင့် ရပ်ကွက်(၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၂)အုပ်စုတွင် မဲရုံပေါင်း(၈၁)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း(၁၉၈၀၇၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။   

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (နောက်ဆုံးပတ်) သို့ ပါဝင်ဆင်နွှဲ

ပြည်သူလူထုတစ်ရပ်လုံးကျန်းမာကြံ့ခိုင်ရေး၊ အားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံးကိုယ်လက်ကြံ့ခိုင်ရန် ပါဝင်ဆင်နွှဲရေးတို့အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (နောက်ဆုံးပတ်) ကို ယနေ့နံနက် ၅ နာရီခွဲက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

မြိတ်တက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ်တက္ကသိုလ် ဘော်လီဘော အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးနှင့် ကျန်းမာကြံ့ခိုင်သော တက္ကသိုလ်ကျောင်းသား/ သူများဖြစ်စေရေးအတွက် ကျင်းပလျက်ရှိသော ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ(၂၆)ရက် မွန်းလွဲပိုင်းက တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပသည်။

ထားဝယ်မြို့၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများ ဟောပြောဆွေးနွေးပွဲ ကျင်းပ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများ ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ဦးစွာတိုင်းရင်းသားများက "စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်" သီချင်းဖြင့် ဖျော်ဖြေသည်။

ထားဝယ်မြို့၌၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရော နစ် မဲပေးစက် (MEVM)နှင့် မဲရုံသုံးပစ္စည်းများ စနစ်တကျထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် မဲရုံသုံး ပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းကစတင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဧည့်ရိပ်သာတွင် စနစ်တကျ ထုတ်ပေးလျက်ရှိသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး