ရမည်းသင်းမြို့နယ်၌မိုးရာသီသစ်ပင်စိုက်ပျိုးရေးပွဲတော်အခမ်းအနား ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်သစ်တောဦးစီးဌာနမှဦးဆောင်၍ သဘာဝပတ်ဝန်းကျင်စိမ်းလမ်းစိုပြည်ရေးနှင့် သာယာလှပမှုရရှိစေရေးအတွက် ၂၀၂၆ခုနှစ်၊ လူထုလုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးရေးပွဲတော် အခမ်းအနားကို ဇွန်၂၅ရက် နံနက် ၈နာရီက သီလဝဂေါက်ကွင်းအတွင်း၌ ကျင်းပသည်။