အောင်မြေသာစံမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အခြေခံမော်တော်ဆိုင်ကယ်ထိန်းသိမ်းပြုပြင်မှုနည်းပညာသင်တန်းဆင်း
မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သော အခြေခံမော်တော်ဆိုင်ကယ်ထိန်းသိမ်းပြုပြင်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ဇွန် ၂၅ ရက် နံနက် ၉ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂လမ်း၊ ၇၃ လမ်းထောင့်ရှိ မန္တလေးလူငယ်သင်တန်းကျောင်း၊ ဘက်စုံသုံးခန်းမဆောင်၌ ကျင်းပသည်။