ကျွန်းစုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်း
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ၄၅ ရက်သင်တန်းကို ဖွင့်လှစ်သင်ကြားပြီဖြစ်၍ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၁ နာရီက ကမ်းကြီးကျေးရွာ၌ ကျင်းပသည်။