အမြို့မြို့အနယ်နယ်သတင်းများ

မြစ်သားမြို့နယ်၌ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း (ဗဟို-မန္တလေးရုံးခွဲ)မှ တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသမှုဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး အမျိုးသားတီဘီ ရောဂါတိုက်ဖျက်ရေးစီမံကိန်း (ဗဟိုမန္တလေးရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်စိုး ဦးဆောင်သော တီဘီရောဂါကွင်းဆင်းရှာဖွေကုသရေးအဖွဲ့သည်  မြစ်သားမြို့နယ်အတွင်းရှိ ဒါးရဲကောင်းကျေးရွာ၊ ပေါက်မြိုင်ကျေးရွာနှင့် ရစ်ကန် ကျေးလက်ကျန်းမာရေးဌာန (RHC)တို့၌ ဇွန် ၂၂ ရက်မှ ၂၄ ရက်အထိကွင်းဆင်း၍‌ ရှာဖွေကုသမှုဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ ကျင်းပ

ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများ ကြွယ်ဝစေရန် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ပူးပေါင်းကျင်းပသော စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ ဇွန် ၂၅ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။

အင်းစိန်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ စိတ်ကြိုက်ပန်းချီနှင့် ဟောပြောပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲကို ဇွန်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းစိန်ခရိုင်ရုံး လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

မဟာအောင်မြေမြို့နယ်၌  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးသက်နိုင် အခမ်းအနားမှူးသင်တန်းဖွင့်ပွဲ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ကန်ကြီးထောင့်မြို့နယ်စည်ပင်သာယာရေးအနေဖြင့် မြို့ဖွံ့ဖြိုးတိုးတက်မှုများဆောင်ရွက်နေမှုအား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်စည်ပင်သာယာရေးအနေဖြင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှုများအား ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများမှ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

လက်ပံတန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက GTI ခန်းမ၌ ကျင်းပခဲ့သည်။

ညောင်လေးပင်မြို့နယ် အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း လင်းရတနာခန်းမဆောင်၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၊ ဘုရားစုကျေးရွာ၌ ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မန္တ‌လေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများတို့ ပူးပေါင်း၍ ‌“‌ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ဆွေးနွေးပွဲကို ဇွန်လ ၂၅ ရက် မွန်းလွဲပိုင်းက ဘုရားစုကျေးရွာ၊ မဟာတိဏ္ဏသတ္တဌာနဘုရားဝင်းအတွင်း၌ ကျင်းပသည်။

အင်းစိန်ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စကားဝိုင်းကျင်းပ

ဇူလိုင်လ(၃)ရက်နေ့တွင်ကြရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်၊အင်းစိန်မြို့ နယ်တွင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ