လှိုင်မြို့နယ်တွင် “မှုခင်းကျဆင်းရေးအသိပညာပေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မှုခင်းကျဆင်းရေးအသိပညာပေး ပြည်သူ့စကားဝိုင်း (Public Talk) ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပခဲ့သည်။