ခေါင်လန်ဖူးမြို့၌ တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသူ/သား များနှင့် ဆရာ ဆရာမများအား ဂုဏ်ပြုချီးမြှင့်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံမြောက်ဖျားပိုင်းတွင် တည်ရှိ၍ ဝေးလံခေါင်သီပြီး ပညာရေးတွင် ဖွံ့ဖြိုးမှုအားနည်းသော ဒေသတစ်ခုဖြစ်ရာ ၂၀၂၂-ခုနှစ် မတ်လတွင် ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်၀င်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်းသင်ကြား ပို့ချပေးခဲ့သော ဆရာ/မများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နံနက်(၁၀)နာရီက ခေါင်လန်ဖူးမြို့ ဂီထော့တောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။