မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်တို့ ပူးပေါင်းပြီး လမ်းစည်းကမ်းနှင့် နွေရာသီမီးဘေး အန္တရာယ်ကာကွယ်ခြင်း အသိပေးဆောင်ရွက်
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုကျွန်းမြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များမှ မိဘပြည်သူများ သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်သွားရန် ကိစ္စနှင့်ပက်သက်၍ ဆိုင်ကယ်များ မောင်းနှင်စီးနည်းသည့် အခါတိုင်းသတ်မှတ်ထားသော မိုင်နှုန်းအတိုင်းသာ မောင်းနှင်ရန်၊ ဆိုင်ကယ်စီးနင်းနေချိန်တွင် ဦးထုပ်ဆောင်းရန်၊ ဆိုင်ကယ်စီးလျှင် နှစ်ဦးထက်ပိုမစီးရ၊ ဆိုင်ကယ်အိတ်ဇောများကိုလဲ ကျယ်လောင်စွာ တပ်ဆင်စီးနင်းခြင်း မပြုရဟု ကြေညာပေးခဲ့ကြောင်း သိရသည်။