နေပြည်တော်ကောင်စီနယ်မြေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် လယ်‌ဝေးမြို့၌ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များ Installation လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ်(၂)၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များအား Installation လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုအား‌ပေးသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်၌ လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းပွဲတက်ရောက်၊ “လှ”ချည်မျှင်ထုတ်လုပ်ရေး စက်ရက်ကန်စက်ရုံ၊ ဝါကြိတ်စက်နှင့် ဝါသိုလှောင်ရုံ၊ ဗိမာန်တည်ဆောက်ရေး၊ ကျောင်းအားကစားကွင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲသို့တက်ရောက်၍ ပျဉ်းမနားမြို့နယ် ပေါစံခေါကျေးရွာမှ သင်တန်းသူသုံးဦးအတွက် စက်ချုပ်လုပ်ငန်းထူထောင်နိုင်ရေး ပေးအပ်သည့် အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများပေးအပ်ကာ အားပေးစကားပြောကြားခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား တက်ရောက်

စာပေ၏ယဉ်ကျေးမှုကို မြှင့်တင်ရန်နှင့် စာပေဖတ်ရှုသည့်အလေ့အကျင့်များ တိုးပွားလာစေရန်ရည်ရွယ်ကျင်းပသည့် စာဖတ်ရှိန်မြှင့်‌တင်းရေးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး ပျဉ်းမနားမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ်နေမှုအား ကြည့်ရှုအားပေး

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၌ တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်း ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးကြသည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၊ သုခပညာခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့နံနက်ပိုင်းက လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လယ်ဝေးခရိုင်ဥပဒေရုံးတို့နှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုအထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရာက်၊ ဝန်ထမ်းအိမ်ရာအသစ် ဆောက်လုပ်နေမှုကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ နေပြည်တော်ကော်မတီမှ ကြီးမှူးကျင်းပသည့် မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်၌ ကျင်းပသည့် မိုးစံပါးစံကွက် ရိတ်သိမ်းပွဲနှင့် မဲစာရင်းများ ဒုတိယအကြိမ် ကပ်ထား‌ကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ဒက္ခိဏသီရိမြို့နယ်စိုက်ကြပ်ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ နိုဝင်ဘာ ၂၉ ရက်နေ့က ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတပဲ့ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၁၃၊ တောင်သူ ဒေါ်သန်းလှိုင်၏ မိုးစပါးစိုက်ခင်း၌ ကျင်းပသည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို တက်ရာက်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂ဝ၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

၂ဝ၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ အစည်းအဝေးသို့ ၂ဝ၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဆပ်ကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ တက်ရောက်သည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ မဲစာရင်းကျန်ရှိမှု မရှိစေရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပေး

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဒုတိယအကြိမ် မဲစာရင်းကြေညာပြီး မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ ကျန်ရှိမှုမရှိစေရေးနှင့်  အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ တိုက်ဆိုင်စစ်ဆေးခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရေး တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် ကွင်းဆင်းစိစစ်ဆောင်ရွက်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ဆုံးရှုံမှုမရှိစေရေးမဲဆန္ဒရှင်အမည်စာရင်းများကို ဒုတိယအကြိမ်ကပ်ထားကြေညာပေးခဲ့ပြီးဖြစ်ရာ မဲစာရင်းကျန်ရှိမှုများ မဖြစ်ပေါ်စေရေးအတွက် တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးပါဝင်သည့် အဖွဲ့(၃၆)ဖွဲ့ ဖွဲ့စည်း၍ နိုဝင်ဘာ ၂၉ ရက်နေ့မှစတင်၍ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ