နေပြည်တော်ကောင်စီနယ်မြေ

လယ်ဝေးမြို့နယ်၌ အခြေခံမွေးမြူရေး(စားမြုံ့ပြန်သတ္တဝါ)သင်တန်းဖွင့်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၌အခြေခံမွေးမြူရေး(စားမြုံ့ပြန်သတ္တဝါ)ဆိုင်ရာ အသိပညာနှင့်နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပျဉ်းမနားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသား၊ကျောင်းသူလူငယ်များ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများကို သိရှိရှောင်ရှားနိုင်စေရေးအတွက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ အမှတ် (၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

လယ်ဝေးမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူး‌ပေါင်းကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက သဲကောကြီးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ပုဗ္ဗသီရိမြို့နယ် အဝါရောင်မျိုးဆက်သစ် ဘုန်းတော်ကြီးသင်ပညာရေး(မူလွန်)ကျောင်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြပွဲများကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် အဝါရောင်မျိုးဆက်သစ် ဘုန်းတော်ကြီးသင်ပညာရေး (မူလွန်)ကျောင်းတွင် ကျင်းပခဲ့သည်။

ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများအားတိုင်းရင်းဆေးဖြင့် အခမဲ့ ‌ကျန်းမာရေးစောင့်ရှောက်

နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ပျဉ်းမနားမြို့နယ်၊ အတွင်းရှိ  ပြည်သူများအား  တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် ကင်ပွန်းတန်းကျေးရွာအုပ်စု၊ သဲကျွန်းကျေးရွာ၊ ဓမ္မာရုံ၌ဆောင်ရွက်ခဲ့ရာ ပျဉ်းမနား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေဦး၊ နေပြည်တော်တိုင်းရင်း ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဦးလှမော်နှင့် တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှု လာရောက် ခံယူကြသည့် ကျေးရွာနေပြည်သူများကို ကြည့်ရှုအားပေးကြသည်။

နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်းသား/သမီး များအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ် 

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊  နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ရေကြီးရေလျှံမှုလျော့နည်းသက်သာစေရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဝက်မွေးမြူထားရှိမှုအခြေအနေများအားကြည့်ရှုစစ်ဆေး၊ ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင်းခြင်း အခမ်းအနားသို့ တက်ရောက်

‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဇေယျာသီရိမြို့နယ်၊ နရဘန်ချောင်းအား သက်နှင်းအင်းကျေးရွာမှ ပေါင်းလောင်းတမံသွားသည့်လမ်းအထိ ချောင်းချဲ့ထွင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ်လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်မြေအသုံးချမှု‌ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်ဝောာ်ကာင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒက္ခိဏသီရိမြို့နယ်၌ သဘာဝမြေဩဇာ ဘိုင်အိုချာထုတ်လုပ်နည်းလက်တွေ့ပြုလုပ်ပြသ

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် ဒေသခံတောင်သူများအား သဘာဝမြေဩဇာ ဘိုင်အိုချာ ထုတ်လုပ်နည်း လက်တွေ့ပြုလုပ်ပြသခြင်းအား ယမန်နေ့နံနက်ပိုင်းက ချိုင်းကျေးရွာ တောင်သူ ဦးကျောက်၏ နေအိမ်ခြံဝင်း၌ ဆောင်ရွက်သည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား လူငယ်များ မှန်ကန်သော အတွေးအခေါ်များဖြင့် အပြောအဆိုအတတ်ပညာများ ဖွံ့ဖြိုးစေရန်၊ ကျောင်းစာများအပြင် ပြင်ပစာပေဗဟုသုတများ ပိုမိုရရှိစေရန်၊ စာကြည့်တိုက်နှင့် ပိုမိုကျွမ်းဝင်ရင်းနှီးလာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ