နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့နယ်၌ ဘုရင့်နောင်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းနှင့် ညောင်လွန့်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်၊ ငကောင်းကံကျေးရွာတွင် ရေဆင်းပေါ်ဆန်း-၂ စပါးမျိုး မိုးစပါးရိတ်သိမ်းနေမှုနှင့် ဆောင်းဆီထွက်သီးနှံ ဆင်းရွေကြာ-၂ နေကြာမျိုး စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့၊ တောင်သူများနှင်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ငကောင်းကံကျေးရွာ၊ ကွင်းအမှတ် (၁၆၇၆)၊ တောင်သူ ဦးမြင့်သိန်း၏ မိုးစပါးစိုက်ခင်း၌ ရေဆင်းပေါ်ဆန်း-၂ စပါးမျိုးကို စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးသည်။

ဇေယျာသီရိမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲ ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက လူစည်ကားရာနေရာများ၊ ရပ်ကွက်များနှင့်ဈေးများတွင် ဖြန့်ဝေပေးခဲ့သည်။

တပ်ကုန်းမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားသည့်နေရာများ၊ ရပ်ကွက်နှင့် ဈေးတွင် ဖြန့်ဝေပေးခဲ့သည်။

နေပြည်​တော်​ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းတို့သည် တပ်ကုန်းမြို့နယ်အတွင်း ပန်းခင်း (၃) စီမံချက်အရ မှတ်ပုံတင်/အိမ်ထောင်စု စာရင်းဆောင်ရွက်ပေးမှုနှင့် ဒေသဖွံ့ဖြိုး​ရေး ကွင်းဆင်းကြည့်ရှုစစ်​ဆေး

နေပြည်​တော်​ကောင်စီဝင်၊ ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းတို့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်​ရေး​ကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပေါက်ပင်သာကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း (၃) စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်အတွင်း အခြေခံပညာအလယ်တန်းကျောင်းများတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်အတွင်း အခြေခံပညာအလယ်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အနော်ရထာရပ်ကွက် (ရွာသစ်)အခြေခံပညာအလယ်တန်းကျောင်း၊ စာသင်ဆောင်တွင် ကျင်းပခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  အခြေခံပညာစာသင်ကျောင်းများ၊ လူစည်ကားရာနေရာများ၊ ရပ်ကွက်များနှင့် ဈေးများတွင် ဖြန့်ဝေပေးခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန သို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရန် သတ်မှတ်ချက်ပုံစံနှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်ရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် ယမန်နေ့ နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းက စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်၍

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်၌ မဲစာရင်းများ ဒုတိယအကြိမ်ကြေညာထားမှု၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ်နေမှု ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးဇေယျာလင်းသည် ဥတ္တရခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ဒုတိယအကြိမ် ကြေညာထားမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် လယ်‌ဝေးမြို့၌ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များ Installation လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ်(၂)၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များအား Installation လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုအား‌ပေးသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ