ပူတာအိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သဲကျောက်ခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာချင်းဆက်လမ်းများ သဲကျောက်ခင်းခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေအား ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက နိုဝင်ဘာလ (၈) ရက်နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။