ကချင်ပြည်နယ်

ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ မီးခိုးမြူငွေ့အန္တရာယ် တားဆီးလျှော့ချရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး‌‌‌‌ဟောပြောပွဲသို့ တက်‌‌ရောက်

မီးခိုးမြူငွေ့အန္တရာယ် တားဆီးလျှော့ချရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး‌‌‌‌ဟောပြောပွဲအား နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲက ဝိုင်းမော်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ တက်ရောက်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စု၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းများနှင့် ရွှေအိုက်ရပ်ကွက်အတွင်း ယာဉ်ရပ်နားစခန်းတည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်အတွင်း အပြည်ပြည်ဆိုင်ရာကိရိသျှဏ အနုဿတိအသင်း(မြန်မာ)က မူလကျောင်းတော် ယိုယွင်းပျက်ဆီးမှုအား ပြန်လည်ပြုပြင်၍ ခန့်ညားထည်ဝါစွာ တည်ဆောက်ခဲ့သည့် ရှရီဂျဂနဿ်ဘုရားကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဘုရားကျောင်းသစ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြသည်။

မိုးကောင်းမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် (၉)နာရီက ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မချမ်းဘောမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုနိုင်ရေး စဥ်ဆက်မပြတ်နှိုးဆော်

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲမဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ သွားရောက်ကြည့်ရှုနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယမန်နေ့ ညနေ၃နာရီက နမ်ခမ်ကျေးရွာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ပူတာအိုမြို့၌ အသက် (၁၉) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်လာစေရန်နှင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့်နိုင်ငံအတွက် အကျိုးပြုသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခဲ့သော ခရိုင်ပညာရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၉) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို နိုဝင်ဘာ (၂၄) ရက် မွန်းလွဲ (၂) နာရီက ပူတာအိုမြို့ ခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အ.ထ.က(စီတာပူ)နှင့် ပလနအထက်တန်းကျောင်းတို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်

ကချင်ပြည်နယ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ပွဲအခမ်းအနားများကို နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(စီတာပူ)နှင့် အခြေခံပညာအထက်တန်းကျောင်း (ပလန)တို့တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများသည်။

​​​​​​​ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားအကျဉ်းထောင်၌ ကျင်းပသည့် မူးယစ်ဆေးဝါးဆိုးကျိုး အသိပညာပေးဟောပြောပွဲ တက်ရောက်

ကချင်ပြည်နယ်အကျဉ်းဦးစီးဌာန၊ မြစ်ကြီးနားအကျဉ်းထောင်၌ အကျဉ်းသား/ အကျဉ်းသူများအား အကျဉ်းထောင်သာသနာ (YCC Foundation) အဖွဲ့နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးဆိုးကျိုး အသိပညာပေးဟောပြောပွဲနှင့် အကျဉ်းသား/ အကျဉ်းသူများ၏ မူးယစ်ဆေးဝါးဆိုးကျိုးအကြောင်း သီချင်း ဆိုပြိုင်ပွဲ Grand Final ကို နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီက အဆိုပါအကျဉ်းထောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပူတာအိုမြို့နယ် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း ၂၀၂၅-ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ် ထုတ်ပြန်ကြေညာကပ်ထားမှုများကို နိုဝင်ဘာ(၂၂)ရက် မွန်းလွဲ(၁)နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း‌ ကြေညာထားရှိမှုအား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူတို့မှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မိုးညှင်းမြို့၌ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြတ်သရဖူခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်