ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုဒေသ စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုဒေသအား စားရေရိက္ခာဖူလုံစေပြီး ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက ပူတာအိုခရိုင်၊ ပူတာအိုမြို့သို့ လေကြောင်းခရီးဖြင့်သွားရောက်ခဲ့ကာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။