ကချင်ပြည်နယ်

ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများ၊ တိုင်းရင်းဆေးရုံ၊ သူနာပြုသင်တန်းကျောင်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှသည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်ဦးပြည်ဟိန်း၊ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်း တို့နှင့်အတူ ဇွန်လ ၇ ရက်နေ့၊ မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ရှိ သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင်မည့် သူနာပြုသင်တန်းကျောင်းနှင့်သားဖွားသင်တန်းကျောင်းတို့အား ကွင်းဆင်းစစ်ဆေးခဲ့သည်။

မိုးညှင်းမြို့နယ် သာယာကုန်းခေတ်မီစံပြကျေးရွာတွင် ဖွင့်လှစ်သည့် အခြေခံအပ်ချုပ်စက်သင်တန်းသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် သာယာကုန်းခေတ်မီစံပြကျေးရွာတွင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းသင်ကြားနေမှုအား ယနေ့နံနက်(၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်၍ မြစ်ကြီးနားမြို့၌ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးအတွက် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းရှင်များန

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်၍ မြစ်ကြီးနားမြို့၌ လုံခြုံရေးဆိုင်ရာအသိပညာများ ဖလှယ်၍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးအတွက် အထောက်အကူပြုစေရန် ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ ၌ ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် ကွန်ကရစ်ဘောင်နှင့် သဲကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှု စစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သည့် ဟဲလုံခေတ်မီစံပြကျေးရွာတွင် ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေမှုကို ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ဟိုပင်မြို့ ဌာနဆိုင်ရာများ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ပြုလုပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် ဇွန်လ ၇ ရက်နေ့ နံနက် ၈ နာရီက ဟိုပင်မြို့ မြို့တော်ခန်းမရှေ့၊ စုပေါင်းရုံး လမ်းဘေးဝဲယာတို့တွင် သစ်ပင်စိုက်ပျိုးပွဲတော် ဆောင်ရွက်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ကချင်ပြည်နယ်တာဝန်ခံ) ဦးခင်ဇော် ရှင်သန်နေသည့် မဲစာရင်းများ ပြည့်စုံမှန်ကန်‌စေရေး ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများနှင့် တွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ကချင်ပြည်နယ်တာဝန်ခံ) ဦးခင်ဇော်သည် ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ရှိ ဧရာဝတီဧည့်ရိပ်သာအစည်း အဝေးခန်းမ၌ ရှင်သန်နေသည့် မဲစာရင်းများ ပြည့်စုံမှန်ကန်‌စေရေးအတွက် ပြည်နယ်/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့သည်။

မိုးညှင်းမြို့နယ် သာယာကုန်းခေတ်မီစံပြကျေးရွာ၌ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်မှုဖြင့် သာယာကုန်းခေတ်မီစံပြ ကျေးရွာ၌ ကျေးရွာအင်္ဂါရပ်နှင့်အညီ ကျေးရွာသန့်ရှင်းသာယာလှပစေရေးအတွက် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက စွန့်ပစ်အမှိုက်များကို စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်းမှ ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများအား ဆန်အိတ်များ ထောက်ပံ့၊ မုတ်သုံဦး MSME ဈေးရောင်းပွဲတော်အတွင်း ဒေသထွက်ကုန်ပစ္စည်းများအား ကြည့်ရှု

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းသား/ ကျောင်းသူ များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ် ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက်ပိုင်းတွင် မြို့ပေါ် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များအတွင်း စုပေါင်းသန့်ရှင်း‌ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

နိုင်ငံတော်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပေးပို့လာသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် ဆေးဝါးပစ္စည်းများ ပူတာအိုလေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင် ရောက်ရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ခရိုင်ပြည်သူ့ဆေးရုံအတွက် နိုင်ငံတော်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပေးပို့လာသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် ဆေးဝါးပစ္စည်းများကို ယမန်နေ့ နေ့လည်ပိုင်းက တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့မှ ပူတာအိုလေဆိပ်သို့ နှစ်ကြိမ်ပို့ဆောင်ရောက်ရှိလာရာ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် မောင်မောင်မြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများက ဝမ်း‌မြောက်ဝမ်းသာစွာ ကြိုဆိုခဲ့ကြသည်။

မြစ်ကြီးနားမြို့၌ ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း ပြုလုပ်

ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများမှ ဥပဒေ အရာရှိများအတွက် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံ မေးမြန်းခြင်းအခမ်းအနားကို ဇွန် ၅ ရက်နေ့မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး တက်ရောက်ခဲ့သည်။
Subscribe to ကချင်ပြည်နယ်