ကချင်ပြည်နယ်

မချမ်းဘောမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင် လူဦးရေစာရင်းများ ထုတ်ပြန်ကြေညာ

ကချင်ပြည်နယ်၊ ပူတာအိုရိုင် မချမ်းဘောမြို့နယ်တွင် မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန် မြို့နယ်အတွင်းရှိ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက် ၆ နာရီမှစ၍ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

မချမ်းဘောမြို့နယ်အတွင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ကျောင်းသူ ကြိုတင်ဆန္ဒမဲပေးသူ ၁၇ ဦးရှိ

မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပြင်ပရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများတွင် တက်ရောက်ကြရမည့် အဆိုပါနေ့ရက်တွင် အသက်၁၈နှစ်ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မချမ်းဘောမြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး သတ်မှတ်ကာလဖြစ်သည့် နိုဝင်ဘာ ၁၇ ရက်နေ့မှစ၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ စတင်ဆောင်ရွက်ခဲ့သည်။

ဟိုပင်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများ ထုတ်ပြန်ကြေညာ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်(၈)နာရီကစတင်၍ ရပ်ကွက်/ကျေးရွာအလိုက် ကော်မရှင်ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက် ရှိကြောင်း သိရသည်။

တနိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ "စာကြည့်တိုက်များဖွံ့ဖြိုး‌ရေးနှင့်စာဖတ်ရှိန်မြှင့် တင်ရေးပွဲတော် "အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နောင်မွန်းမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကလေးများကာယဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နောင်မွန်းမြို့နယ် အခြေခံပညာမူလတန်းအဆင့် မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၂ နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပ‌ကြောင်း သိရသည်။    ဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇီနန်းရမ်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ပြိုင်ပွဲဝင်ကလေးများအ‌နေဖြင့် အကောင်းဆုံးယှဉ်ပြိုင်ကစားကြရန် အားပေးအမှာစကားပြောကြားကာ အ.ထ.ကနောင်မွန်း၊ အ.မ.က(၁)၊ အ.မ.က(နန်ပန်ဒမ်း)ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ရိုးရာအကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး အဖွင့်ပွဲစဉ်ကို အ.ထ.က(နောင်မွန်း)နှင့် အမက(နန်ပန်ဒမ်း)အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက် ၁ ဂိုးစီသရေကျခဲ့သည်။

ဟိုပင်မြို့ ဇောတိကုန်းကျေးရွာအုပ်စု၊ ဇောတိကုန်းကျေးရွာတွင် တက္ကသိုလ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူ(၁)ဦးက ကြိုတင်ဆန္ဒမဲပေး

ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ ဇောတိကုန်းကျေးရွာနေ တက္ကသိုလ်၊ ကောလိပ်ကျောင်းသား/သူ(၁)ဦးက ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီတွင် မဲရုံအမှတ်(၆၄)တွင် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်း (၁၉)ခုမှ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များနှင့် လိုအပ်ချက်များ ဖြည့်ဆည်း

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာပြည်သူများ ယာယီနေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၃ နာရီက ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စုအတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်း (၁၉)ခုမှ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးသည်။

မချမ်းဘော၌ ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာနိုင်ရေး မဲစာရင်းများထုတ်ပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောင်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရန် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာနိုင်ရေးအတွက် မဲစာရင်းများကိုရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ဆန္ဒမဲစာရင်းများ ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။ 

မချမ်းဘော၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများသို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ သတ်မှတ်ကာလအတွင်း ကြိုတင်ဆန္ဒမဲများပေးနိုင်ရေး အသိပညာ​ပေးနှိုးဆော်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စေရေးနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများသို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ သတ်မှတ်ကာလအတွင်း ကြိုတင်ဆန္ဒမဲများပေးနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် လှည့်လည်နှိုးဆော်အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက မချမ်းဘောမြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ယမန်နေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်၊ မြို့အသင်းခွဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်