ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော်နှင့် လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲတို့တွင် တိုင်းရင်းသားရိုးရာ အကအလှများဖြင့် စုံလင်စွာ အတူဆင်နွှဲပါဝင်နိုင်ရေး စာပေယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ခေါင်း ဆောင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သွားမည့် ၂၀၂၅ ခုနှစ်၊ ရိုးရာ ကောက်သစ်စား (အင်လုံအင်နန်ရှား)ပွဲတော်နှင့် လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲ အခမ်းအနားများတွင် တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံ အတူတကွပါဝင်ဆင်နွှဲနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။