ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် သူနာပြုသိပ္ပံ (မြစ်ကြီးနား)မှ သူနာပြု-သားဖွားဒီပလိုမာ ၃ နှစ်သင်တန်း ပထမနှစ်သင်တန်းသား၊ သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦး‌ဆောင်းအပ်နှင်းခြင်း အခမ်းအနားတက်ရောက်

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံ(မြစ်ကြီးနား) ၏ သူနာပြု-သားဖွား ဒီပလိုမာ (၃)နှစ်သင်တန်း ပထမနှစ် သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ် နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သူနာပြုသိပ္ပံ(မြစ်ကြီးနား)၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

ကချင်ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ စိုက်ပျိုးမွေးမြူရေးဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဒေသခံ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး ဒေသထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ယမန်နေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ‌ဒေသခံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မိုးညှင်း၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ(၅)ရက်တွင် ကျရောက်မည့် (၅၃)နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက တက္ကသိုလ်စာသင်ဆောင်၌ ကျင်းပသည်။

မိုးကောင်းမြို့နယ် ညောင်တောကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်တောကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နေမှုအခြေအနေမျာကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အဆင့်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

မိုးကောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ဇွန်လ(၅)ရက် တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ မေလ(၃)ရက်နံနက်(၉)နာရီတွင် ကျင်းပသည်။

မိုးကောင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မေလ(၂)ရက် နံနက်(၁၀)နာရီတွင် ကျင်းပသည်။

မိုးညှင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်ပေါင်း (၁၇၀၀၀)ပင် ပျိုးထောင်ထားရှိ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးကြမည့် လူထုဖြန့်ပျိုးပင်ပေါင်း (၁၇၀၀၀)ပင်ကို မြို့မသစ်တော ပျိုးဥယျာဉ်ခြံတွင် ပျိုးထောင် ထားရှိကြောင်း သိရသည်

ပူတာအိုခရိုင်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာသင်စရိတ်ပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှကြီးမှူး၍ ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်မိသားစု များ၏သား သမီး ကျောင်းသားကျောင်းသူများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာသင်စရိတ်ပေး အပ်ခြင်းအခမ်းအနားကို ဇွန်(၁)ရက် နံနက်(၉)နာရီက ပူတာအိုခရိုင်ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေး ခန်းမ၌ကျင်းသည်။

ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူ‌ရေးနှင့် ဆည်မြောင်းဝန်ကြီး သမဝါယမအသင်းစုပိုင် ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ခခူးရက်ကန်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ပြည်နယ်သမဝါယမဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဇွန် ၁ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့နယ်အတွင်းရှိ သမဝါယမအသင်းစုပိုင် ဖြိုးဝေဝေ စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ခခူး ရက်ကန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ မြို့တော်အင်္ဂါရပ်နှင့်အညီပန်းများဖြင့် ဝေဆာဖူးပွင့်၍ သန့်ရှင်းသာယာလှပရေးကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပပြီး လမ်းလယ်ကျွန်းများ၊ လမ်းဘေးဥယျာဉ် (Road Side Garden) များတွင် ပန်းများဖြင့် ဝေဆာဖူးပွင့်နေစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့၌ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်