ကယားပြည်နယ်

(၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်သူများနှင့် ဝန်ထမ်းများအတွက် တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်ပေးနေမှုကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နေအိမ်ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ ကြသည့် ပြည်သူများနှင့် ဝန်ထမ်းများနေထိုင်မှုအဆင်ပြေစေရန်အတွက် တန်ဖိုးသင့် အိမ်ရာများ ပြန်လည်ဆောက်လုပ်ပေးလျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ပေါ် ရပ်ကွက်များအတွင်း ပြည်သူများနှင့် ဝန်ထမ်းများ အတွက် နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား အနွေးဝတ်စုံများချီးမြှင့်ပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ဝန်ထမ်းများသက်သာချောင်ချိရေး၊ နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် လုပ်ငန်းတာဝန်များ အောင်မြင်စွာထမ်းဆောင်နိုင်ရေး  အဖက်ဖက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကယားပြည်နယ်အတွင်းရှိ ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အနွေးဝတ်စုံများချီးမြှင့်ပေးအပ်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားတက်ရောက်

ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားများကို ယနေ့နံနက်က လွိုင်ကော်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လောဓမ္မ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားကျောင်းသူများ စုံလင်စွာတက်ရောက်ကြသည်။

ကယားပြည်နယ်အတွင်းရှိ တက္ကသိုလ်များနှင့် ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကယားပြည်နယ်အတွင်းရှိ တက္ကသိုလ်ကျောင်းများနှင့် လွိုင်ကော် ပညာရေးဒီဂရီကောလိပ်ကျောင်းများ ယနေ့တွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက်က ကယားပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးစိန်ဦးသည် တက္ကသိုလ်များနှင့် လွိုင်ကော် ပညာရေးဒီဂရီကောလိပ်ကျောင်းတို့သို့သွားရောက်ကာ ကျောင်းစာသင်ခန်းများအတွင်း ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုကို သွားရောက်ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ သန့်ရှင်းသာယာရေး ဆောင်ရွက်မှု၊ မဲရုံအဖွဲ့ဝင်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှုများ  ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်း ကျောင်းသားကျောင်းသူများ  စိတ်အေးချမ်းသာစွာဖြင့် တက်ရောက် ပညာသင်ကြားနိုင်ရန် အလေးထား ဆောင်ရွက်ပေးလျက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည်ဒေသ ကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက်လွိုင်ကော် ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်ပရဝဏ်အတွင်း သန့်ရှင်းသာယာရေး ဆောင်ရွက် မှု၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်သင်တန်း ဖွင့်လှစ်ဆောင်ရွက်မှုနှင့် အဝေးပြေး မော်တော်ယာဉ်လိုင်းများ  တိုးချဲ့ပြေးဆွဲမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မြို့ရေရရှိရေးလုပ်ငန်းများ၊ ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ယနေ့နံနက်က ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့၏ မြို့ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးဆောင်ရွက်မှုနှင့်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ကယန်းနှစ်သစ်ကူးနေ့ ပွဲတော်အခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ်၊ ကယန်းတိုင်းရင်းသားလူမျိုးများ၏ နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ဌာနဆိုင်ရာများ၊ ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ရှမ်းနှစ်သစ်ကူးနေ့အခမ်းအနား တက်ရောက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပုဗ္ဗာရုံ ပရိယတ္တိစာသင်တိုက်၌ ရှမ်းနှစ်သစ်ကူးနေ့ အခမ်းအနားကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ကလွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူ ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြသည်။
Subscribe to ကယားပြည်နယ်