ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ အဝေးပြေးယာဉ်လိုင်း Express ကားကြီးများစတင်ပြေးဆွဲ
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဒေသခံပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် လွိုင်ကော်-ရန်ကုန် ခရီးစဉ်ကို တိုက်ရိုက်စတင် ပြေးဆွဲလျက်ရှိရာ ယနေ့နံနက်ပိုင်းက လွိုင်ကော်မှရန်ကုန်သို့ ရွှေကိန္ဒရီနှင့် သိန်းသန်းကုဋေ ယာဉ်လိုင်းများမှ အဆင့်မြင့် Express ကားကြီးများဖြင့် စတင်ပြေးဆွဲလျက်ရှိသည်။