ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို၊ ဖေဖော်ဝါရီ (၁၁) ရက်နေ့ နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ရှေ့ဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်ပေသက်နွယ်က ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး ဝန်ထမ်းများက လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြသည်။ အဆိုပါလက်ကမ်းစာစောင်ငယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်များ၊ ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ကဗျာနှင့်ကာတွန်းများ စုံလင်စွ၊ာပါရှိပြီး၊ ကျောင်းသား၊ ကျောင်းသူများအတွက် လေ့လာနိုင်သည့် သမိုင်းမှတ်တမ်းငယ်တစ်ခုဖြစ်ကြောင်း သိရပြီး လက်ကမ်းစာစောင် (၄၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)