ဒလမြို့နယ်၌ သောက်သုံးရေရှားပါးလျှက်ရှိသော ပြည်သူများအား  သောက်သုံးရေလှူဒါန်း

ဒလ    မေ    ၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ရဲတပ်ဖွဲ့နှင့် ဒလမြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့မှ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ယနေ့ နံနက်ပိုင်းက သောက်သုံးရေရှားပါးလျှက်ရှိသော ဒလမြို့နယ်၊ စံပြတံတားချောင်းကျေးရွာရှိ  ပြည်သူများအား သောက်သုံးရေများ(အခမဲ့) လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းမှုအား ဒလမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မျိုးထွန်း ဦး ‌‌ ဆောင်၍ ရဲတပ်ဖွဲ့ဝင်(၂၅)ဦး၊ မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင် (ရဲမှူး-ငြိမ်း)နှင့် အဖွဲ့ဝင်(၁၀)ဦး၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးအောင်သူနှင့် မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး တို့ပူးပေါင်း၍ သောက်သုံးရေရှားပါးလျှက်ရှိသော  စံပြတံတားချောင်းကျေးရွာရှိ အိမ်ထောင်စု (၁၉၈) စုအတွက် မီးသတ်ဦးစီးဌာန မှ ဂါလံ ၁၆၀၀ ဆန့် ရေသယ်ယာဉ်(၁)စီး၊ စည်ပင်သာယာရေသန့် ဌာနမှ ‌ဂါလံ ၁၆၀၀ ဆန့် ရေသယ်ယာဉ်(၁)စီးဖြင့် နေအိမ်များသို့ အိမ်တိုင်ရာရောက် သောက်သုံးရေ များ(အခမဲ့) လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းပေးပို့သူ-ခင်စန္ဒာမြင့်(ပြန်/ဆက်)