ရေတာရှည်မြို့နယ်တွင် ရက်(၁၀၀)စီမံချက်ကာလအတွင်း စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် မိုးရာသီစရိတ်ချေးငွေပေးအပ်ပွဲ ကျင်းပ

ရေတာရှည် မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်တွင် ရက်(၁၀၀)စီမံချက်ကာလအတွင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီစရိတ် ချေးငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ရေတာရှည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ အဖွင့်အမှာစကား​ပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဒေါ်ခင်ဆွေဦးက သတ်မှတ်အချိန်အတွင်း ချေးငွေများကို အကျေပြန်လည်ပေးဆပ်ရန်၊ လယ်ယာစိုက်ပျိုးရေးတွင် ချေးငွေကိုအသုံးပြုရန်နှင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ရေတာရှည်မြို့နယ်၌ မေလ ၁၂ ရက်နေ့တွင် ကျေးရွာအုပ်စု(၃)အုပ်စုရှိ တောင်သူ(၆၆)ဦးအား တစ်ဧကလျှင်ငွေကျပ်(၃)သိန်းနှုန်းဖြင့် ဧက(၄၂၁)ဧကအတွက် ချေးငွေစုစုပေါင်း ငွေကျပ်(၁၂၆၃.၀၀)သိန်းကို တောင်သူများထံသို့ ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိသည့် ကျေးရွာများမှ တောင်သူများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)