ဘားအံ မေ ၁၄
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းကို မေ ၁၃ ရက် နံနက်ပိုင်းက လှာကဒေါင်မွေးမြူရေးဇုန်၌ ကွင်းဆင်းဆောင်ရွက်ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မွေးမြူရေးဇုန်အတွင်း မွေးမြူထားရှိသော နွားများ၊ ဝက်များအား တိရိစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေး များကို ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)