မိုးနဲ ဇွန် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းကာ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များကို ယမန်နေ့နံနက် ၁၀နာရီအချိန်က အမှတ် (၃) ပေါ့မိုင်းအခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/သူများအား အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းငှားရမ်းရာတွင် ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို လွယ်လင့်တကူဖတ်ရှုနိုင်ခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန် ဝေဖန် ပိုင်းခြားနိုင်လာခြင်း၊ အားလတ်သော အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ခြင်း၊ ဗဟုသုတအသစ်များ တိုးပွားလာခြင်း၊ အသိပညာများကို ပြန်လည်ဖလှယ်နိုင်ခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပါ ပြည့်စုံစေခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်အနေဖြင့်လည်း စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာခြင်း၊ စာငှား၊ စာဖတ်သူဦးရေ တိုးပွားလာခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသား/သူများနှင့်ကိုက်ညီမည့် စာအုပ်စာစောင်များအား ငှားရမ်းပေးခဲ့ကြကာ အပတ်စဉ် ကွင်းဆင်း လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း စာကြည့်တိုက်တာဝန်ခံထံမှ သိရသည်။
ဇင်ကိုကို