ပုသိမ် ဇွန် ၃၀
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်၍ စာဖတ်ရှုသူပိုမိုများပြားလာစေရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာ၀န်ကြီး ဦးခင်မောင်ကြည်နှင့် တာ၀န်ရှိသူများမှ ယမန်နေ့ နေ့မွန်းလွဲပိုင်းတွင် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဦးစွာ ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာ၀န်ကြီး ဦးခင်မောင်ကြည်နှင့် တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်ပြည်သူ့စာကြည့်တိုက်မှ စာအုပ်စာစောင်ငှားရမ်းနေမှုအခြေအနေများ၊ သုတ၊ ရသစုအုပ်များ ခင်းကျင်းထားရှိမှုအခြေအနေများနှင့် DLMS စနစ်ဖြင့် စာအုပ်စာရင်းသွင်းထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူရည်က ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က လိုအပ်သည်များမှာကြားကာ စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ခဲ့သည်။
ပုသိမ်ခရိုင်ပြည်သူ့စာကြည့်တိုက်အနေဖြင့် ပြည်သူများအသိပညာများရရှိစေရန် online မှတဆင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရွှေ့လျားစာကြည့်တိုက်ကားဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ စာအုပ်စာစောင်များငှားရမ်းခြင်း၊ နံရံကပ်စာစောင်ပြသပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)