Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
သထုံမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
May 02,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် နွားမွေးမြူရေးအသိပညာပေးခြင်းနှင့် ဒေသနွားနှင့်နို့စားနွားများအား ကာကွယ်ဆေးထိုးနှံပေး
May 02,2026
ပျော်ဘွယ်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာများသို့ သွားရောက်၍ နွားမွေးမြူသည့်တောင်သူများအား အသိပညာပေးဟောပြောခြင်း၊ ဒေသနွားနှင့်နို့စားနွားများအား ကာကွယ်ဆေးထိုးနှံခြင်းကိုဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက ဖက်တောကျေးရွာအုပ်စုတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့ ကျေးလက်ကျန်းမာရေးဌာခွဲတွင် အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆာင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး
May 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယနေ့ နံနက်(၁၀)နာရီက မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို အဆိုပါကျန်းမာရေးဌာနရှိ ဆရာမများမှ ပုံမှန်ကာကွယ် ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့၌ ဇော်ဂျီဆည်ရေသောက်စနစ် နွားတက်၊ တမုတ်မြောင်းရေဖြင့် ကျေးရွာအုပ်စု ၁၀ အုပ်စုတွင် စီမံကိန်းသီးနှံ ၁၆၈၉ ဧက စိုက်ပျိုး
May 02,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစီမံကိန်းသီးနှံများ လျာထားချက်ပြည့်မီကျော်လွန်ရေး စိုက်ပျိုးလျက်ရှိရာ ဇော်ဂျီဆည်ရေသောက်စနစ် နွားတက်၊ တမုတ်မြောင်းရေဖြင့် ကျေးရွာအုပ်စု ၁၀ အုပ်စုတွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ စီမံကိန်း သီးနှံ ၁၆၈၉ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
May 02,2026
သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်၊ ကျေးရွာများ၌ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်၌ နှစ်(၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ
May 02,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၇ နာရီက ခရိုင်ပြည်သူ့ဆေးရုံ ကြီး တွင် စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တတိယအကြိမ်မြောက်၊ ပရိယတ္တိနွေရာသီသင်တန်း (summer School) သင်တန်းဆင်းပွဲကျင်းပ
May 02,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တတိယ အကြိမ်မြောက် ပရိယတ္တိနွေရာသီသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်က မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာတော်သံဃာတော်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ သင်တန်းဖြစ် မြောက်ရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စာချပုဂ္ဂိုလ်များ၊ ဆရာ ဆရာမများနှင့် သင်တန်းသား ရဟန်း၊ ရှင်သာမဏေများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့၌ အခြေခံကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်း၊ ဂစ်တာတီးသင်တန်းနှင့် (GYM)သင်တန်းများ ဖွင့်လှစ်သင်ကြား
May 02,2026
ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် လူငယ်များအားအသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်း၊ ဂစ်တာတီးသင်တန်းနှင့် (GYM)သင်တန်းများကို ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်း ဒေသကြီးလူငယ်စင်တာ၌ မေလ(၂)ရက်နေ့မှစတင်ပြီး ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
997
Page
998
Page
999
Page
1000
Current page
1001
Page
1002
Page
1003
Page
1004
Page
1005
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department