သတင်းများ

ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင် မြစ်ကြီးနားမြို့တွင်းရှိ ပင်မရေနှုတ်မြောင်း အမှတ် (၄) ရှင်းလင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
May 02,2026
လာမည့် မိုးရာသီကာလအတွင်း ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့တွင်းရှိ ရေဝပ်နိုင် သည့်နေရာများတွင် အဓိက ဖောက်လုပ်ထားသော ပင်မရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန် ရေးနှင့် ပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် ယမန်နေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်း ဖြတ်သန်းသော အမှတ်(၄) ပင်မရေနှုတ်မြောင်း ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ (တတိယ)အဆင့် အမျိုးသမီးလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ သွားရောက် ကြည့်ရှုအားပေး
May 02,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ (တတိယ)အဆင့် အမျိုးသမီးလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ယမန်နေ့ မွန်းလွဲ(၁၁)နာရီအချိန်က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျိုက္ခမီမြို့ တိုက်နယ်ဆေးရုံတွင် ဝမ်းရောဂါဖြစ်ပွား နေ၍ဆေးကုသခံယူလျက်ရှိသည့် လူနာများ အား မွန်ပြည်နယ်ကူးစက်ရောဂါကာကွယ်ရေးဌာနမှ ကွင်းဆင်းဆောင်ရွက်
May 02,2026
မွန်ပြည်နယ်၊  သံဖြူဇရပ်မြို့နယ်၊  ကျိုက္ခမီမြို့တိုက်နယ်ဆေးရုံတွင် ဝမ်းရောဂါဖြစ်ပွားလျက်ရှိသည့် လူနာနှင့် ဆက်စပ်လူနာများအားမွန်ပြည်နယ် ကူးစက်ရောဂါ ကာကွယ်ရေးဌာနမှ မေ ၁ ရက်နေ့ နံနက်ပိုင်းတွင်လာရောက် ကြည့်ရှုဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ဖြစ်စဥ်တွင် ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက်တွင် ဝမ်းရောဂါဖြစ်ပွားလျက်ရှိသည့်   လူနာများအနက်   မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ၄ ဦး၊  ကျိုက္ခမီတိုက်နယ်ဆေးရုံတွင် ၁ ဦး    စုစုပေါင်း ၅ ဦး ဖြစ်ပွားလျက်ရှိရာ ပြည်နယ်ကူးစက်ရောဂါကာကွယ်ရေးဌာနမှ ဒေါက်တာသိမ့်အိသူ
ဟုမ္မလင်း၌ ချင်းတွင်းမြစ်ရိုးတစ်လျှောက်ဘေးအန္တရာယ်ကင်းရှင်းရေး အနန္တရာယိကမ္မဝါစာနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျယ်ချီးမြှင့်ခြင်း ဆောင်ရွက်
May 02,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆောင်ကျင်းပသည့် ဟုမ္မလင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးတစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အနန္တရာယိကမ္မဝါစာနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျယ်ချီး မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းရေးနှင့် ယာဉ်ရပ်နားမှု စနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
May 02,2026
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းရေးနှင့် ယာဉ်ရပ်နားမှု စနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများ၊ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
May 02,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့နှင့် အမတ်(၃၀)ယာဉ်ထိန်းတပ်ဖွဲ့စုတို့မှ လူကုန်ကူးမှုအသိပညာပေး မှုခင်းကျဆင်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁၆)ရပ်ကွက်၊ အောင်ရတနာလမ်း၊ ကိုးနဝင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပုဇွန်တောင်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လမ်းပိတ်ဆို့မှုအား ရှင်းလင်းဆောင်ရွက်
May 02,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ယမန်နေ့ ညနေ ၃ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၉)ရပ်ကွက်၊ ရေကျော်လမ်းတွင် သစ်ပင်လဲကျ၍ လမ်းပိတ် ဆို့မှုဖြစ်ပွားရာ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်၌ အစိုးရသစ်ကာလ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများတွေ့ဆုံ
May 02,2026
 မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြိုနယ်၊ လက်သစ်ကျေးရွာအုပ်စု၊ လက်သစ်ကျေးရွာ၊ သုန္ဒရာမ‌ကျောင်းတိုက် ဇေတဝနဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများပူးပေါင်း၍ ကျေးရွာနေ ပြည်သူများဖြင့် တွေ့ဆုံပွဲကျင်းပခဲ့သည်။