သတင်းများ

အင်းတော်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကျေးရွာများ သို့ အလှူငွေများ ပေးအပ်လှူဒါန်း
Aug 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများသို့ စစ်ကိုင်းတိုင်းဒေသကြီးလွတ်တော် ဒုတိယဥက္ကဌ ဦးဘိုးသန်းညွှန့်မှ အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ က အဆိုကျေးရွာများ တွင် အသီးသီးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 16,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကောက်ယူထားသော မဲစာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား နံပါတ်လစ်လပ်နေမှုများအား ကွက်လပ်ဖြည့်သွင်းခြင်း နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့က တောင်ငူခရိုင် ထန်းတပင် မြို့နယ် ရေကျော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာ လုပ်ငန်းများနှင့် ပညာပေး လုပ်ငန်းတို့တွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဆုတံဆိပ်များပေးအပ်ချီးမြှင့်
Aug 16,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ ကိုဗစ်−၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းတို့တွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သည့်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 16,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပချိန်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး ပံ့ပိုးကူညီရေးအဖွဲ့၊ မင်္ဂလာဒုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်နေသော ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း တွေ့ဆုံပွဲကို ယနေ့ညနေ (၃) နာရီအချိန်က မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ကျောင်းဆောင်နှင့် ဝန်ထမ်းအိမ်ရာ ပြုပြင်ရန် ထောက်ပံ့ငွေပေးအပ်
Aug 16,2020
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် သယံဇာတ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင်၊ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို ၊ တာဝန်ရှိသူများတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဂန့်ဂေါမြို့နယ်၊ မွှေ့လယ်ကျေးရွာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဆောင်ပြုပြင်ရန်အတွက် တိုင်းဒေကြီး ဒေသဖွံဖြိုးရေးရန်ပုံငွေမှ ထောက်ပံ့ ငွေ (၉၉၀၀၀၀၀/-) ကိုလည်းကောင်း၊ ရွှေဘိုကျေးရွာ လျှပ်စစ် မီးလင်းရေး ဖွင့်ပွဲတွင် ရွှေဘိုရွာ အ.ထ.က (ခွဲ) ဝန်ထမ်းအိမ်ရာ ပြုပြင်ရန် အတွက် တိုင်းဒေသကြီး ဒေသဖွံဖြိုးရေး ရန်ပုံငွေမှ ထောက်ပံငွေ ကျပ် (၇၂၁၀၀၀၀/-) ကို လည်ကောင်း ပေးအပ်ထောက်ပံ သွားသည်။
ဒေါပုံမြို့နယ်တွင် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာရာတွင် လာရောက်ကြည့်ရှုသူ(၂၆၈၀၈)ဦးခန့်ရှိပြီး လျှောက်ထားသူ၊ ကန့်ကွက်သူနှင့်ပြင်ဆင်သူဦးရေ(၄၇၇၇) ဦး ရှိ
Aug 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဇူလိုင်(၂၅)ရက်မှ ဩဂုတ်(၁၄)နေ့ ရက်အထိ ပထမအကြိမ် ကပ်ထားကြေညာပေး
ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးခွင့်ရရှိရေး ကွင်းဆင်း ဆောင်ရွက်
Aug 16,2020
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးခွင့်ရရှိရေး၊ မဲစာရင်းမှန်ကန်စေရေးတို့အတွက် ဩဂုတ်လ ၁၅ ရက်နေ့တွင်