အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအဆင့်မြှင့်စက်ချုပ်သင်တန်းဆင်းပွဲ ပြုလုပ်
Aug 15,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဖားဆောင်းမြို့နယ်ရုံးမှ ကျေးလက်နေပြည်သူများလူမှုဘဝမြှင့်မားရေး၊ အလုပ်အကိုင် အခွင့်အလှမ်းကောင်းများရရှိရေး၊ ဝင်ငွေတိုးပွားစေရေးကိုရည်ရွယ်၍ ဖွင့်လှစ်ခဲ့သောအသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြှင့်စက်ချုပ် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်က ဖားဆောင်းမြို့ စုစည်းကျေးရွာ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။