သတင်းများ

ရှမ်းရွာသစ်မြို့၊ ဘောဘောခီးကျေးရွာတွင် အသက် (၆) လမှ (၅) နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေး
Aug 14,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ အသက် (၆) လမှ (၅) နှစ်အထိ ကလေးငယ်များ ပုံမှန်ကြီးထွာဖွံ့ဖြိုးရန်နှင့် အမြင်အာရုံများကောင်းမွန်စေရန်ရည်ရွယ်ပြီး ဗီတာမင်အေဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့က ဘောဘောခီးကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကြာအင်းဆိပ်ကြီးမြို့၌ မြေစိုက်နံရံကပ်ဘုတ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်
Aug 14,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့‌ မြေစိုက်နံရံကပ်ဘုတ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာသိမှတ်စာများကို အများပြည်သူသိရှိနိုင်ရန် ပြသထားပါသည်။
ဖာပွန်မြို့တွင် Grade-4 သင်ရိုးသစ် (​နောက်ဆက်တွဲ) သင်တန်းတက်​ရောက်​နေ​သောဆရာ၊ ဆရာများအား Myanmar Fitness Dance ​လှုပ်ရှားမှုများလေ့ကျင့်သင်ကြား
Aug 14,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် သြဂုတ်လ ၁၀ ရက်​နေ့ မှ ၁၆ ရက်​နေ့အထိ ဖွင့်လှစ်လျက်ရှိသည့် Grade-4 သင်ရိုးသစ် မြို့နယ်အဆင့် (​နောက်ဆက်တွဲ) သင်တန်းမှ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအား Exercise Is Medicine (EIM) အစီအစဥ်အရ Myanmar Fitness Dance ​(MFD) လှုပ်ရှားမှုများလေ့ကျင့်သင်ကြားခြင်းကို ယမန်​နေ့ည​နေ (၃) နာရီအချိန်က အ-ထ-က ဖာပွန်​ကျောင်း​ရှေ့ ​ဘောလုံးကွင်းအတွင်း ​စတင်ဆောင်ရွက်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ အသိပေးနှိုးဆော် ကြေညာခြင်းများဆောင်ရွက်
Aug 14,2020
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် ပြည်သူများ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရန် အသိပညာ ပေးလုပ်ငန်းများ၊ ကူညီထောက်ပံ့မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
ပန်းဘဲတန်းမြို့နယ် သမဝါယမဦးစီးဌာနမှ စားသုံးသူများအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး ကြက်သွန်နီ များ ဖြန့်ဖြူးရောင်းချ
Aug 14,2020
ပန်းဘဲတန်းမြို့နယ်တွင် တောင်သာမြို့နယ်မှထွက်ရှိသော ဒေသထွက်ဖြစ်သည့် ကြက်သွန်နီများကို မြို့နယ် သမဝါယမဦးစီးဌာနမှ ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
ထားဝယ်မြို့တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အခြေခံရေချိုငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 14,2020
ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်ရည်ရွယ်၍ အခြေခံရေချိုငါးမွေးမြူရေးနှင့်ငါးဆေးထိုးသားဖောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဇဟာကျေးရွာရှိ တစ်ပိုင်တစ်နိုင်ငါးသားဖောက်စခန်းတွင် ကျင်းပသည်။
မရမ်းကုန်းမြို့နယ် ပြည်သူများရှိရာ နေအိမ်များ၊ စျေးများသို့ မဲစာရင်း လိုက်လံ စစ်ဆေးခြင်းများ ဆောင်ရွက်
Aug 14,2020
ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအား မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲစာရင်းများ လိုက်လံ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ပြီး မရမ်းကုန်းမြို့နယ်အမှတ်(၂)ရပ်ကွက် အတွင်းရှိ နေအိမ်များ၊စျေးများတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။