သတင်းများ

ကသာခရိုင်၊ အင်းတော်မြို့နယ် စဉ့်ခိုးကျေးရွာနှင့် ကူးကာကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအား ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများထုတ်ပေး
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ပုန်းဟုန်ကျေးရွာအုပ်စု၊ စဉ့်ခိုးကျေးရွာနှင့် ကူးကာကျေးရွာအား ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများအား ယနေ့ နံနက် ၁၁ နာရီ အချိန်က အင်းတော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ ကော်မတီဝင်များက ဒေသခံပြည်သူများအား စဉ့်ခိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်လည်းကောင်း၊ ကူးကာကျေးရွာ စာသင်ကျောင်းတွင်လည်းကောင်း အသီသီးထုတ်ပေးခဲ့ကြောင်း သိရသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့တွင် အများပြည်သူအသိပညာတိုးပွားစေရေးအတွက် အသိပညာပေးနံရံကပ်စာစောင်များပြသ
Aug 14,2020
မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်(၁)တွင် ပြည်သူလူထုများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယနေ့၊ နံနက်(၉)နာရီက ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသဆောင်ရွက်ခဲ့သည်။
ဝက်လက်မြို့နယ် နဘဲပင်လှကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ရန်ပုံငွေ လက်ဝယ်အရောက်ထုတ်ချေး
Aug 14,2020
စစ်ကိုင်းတိုင်ဒေသကြီး၊ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် နဘဲပင်လှ ကျေးရွာတွင် အကောင် ထည်ဖော်ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေကို ယမန်နေ့ ညနေက လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လင်းခေးခရိုင်၌၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စား လှယ်လောင်းအမည်တင်သွင်းလွှာများ စတုတ္ထနေ့စစ်ဆေး
Aug 14,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ယနေ့ နံနက်(၁၀)နာရီမှစတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် လင်းခေးခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် တင်သွင်းလွှာများ စိစစ်ခြင်းကိုလင်း‌ခေးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ စတုတ္ထနေ့အဖြစ် စိစစ်ခဲ့ကြသည်။
ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Book Club) အဖွဲ့ဝင်များ၊ စာပေမြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပ
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ
နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP)စခန်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Aug 14,2020
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။
တွံတေးမြို့နယ်တွင် နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော  အခြေခံလူတန်းစားများအား ငွေကျပ်နှစ်သောင်း ထပ်မံထောက်ပံ့ပေး
Aug 14,2020
နိုင်ငံတော်အစိုးရမှ Covid-19 ကာလအတွင်းဝင်ငွေနည်းပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား များအား ငွေကျပ်နှစ်သောင်းထပ်မံထောက်ပံ့ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်း ခရိုင်၊ တွံတေးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တော်ဝင်စန္ဒကူး ခန်းမ၌ ယမန်နေ့ နေ့လယ် (၃)နာရီက ကျင်းပခဲသည်။
တန့်ယန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းမှန်ကန်ပြည့်စုံစေရေး ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် ကြေညာကပ်ထားပြီးဖြစ်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးစံအေးနှင့်တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မိုင်းကျိုင်၊ ၊ ပန်နွဲ့၊ နမ့်ဟူးလွယ်ကာကျေးရွာများသို့ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့သည်။