သတင်းများ

မိုင်းပျဉ်းမြို့နယ် နားယုန့် အ.မ.က−မူလွန်ကျောင်းသို့ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်
Jun 04,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ နားယုန့်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်နှင့် လွှတ်တော်ရုံးအဖွဲ့တို့က သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Jun 04,2026
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုများအလိုက် မေလ(၁၂)ရက်နေ့မှစတင်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများ၌ Abate ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းနှင့် ကျောင်းမုန့်စျေးဆိုင်များစစ်ဆေးခြင်းများဆောင်ရွက်
Jun 04,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ယူနေကြသည့် ကျောင်းသား၊ကျောင်းသူများ ကျောင်းနေ ပျော်၌ပညာတော်ပြီး ကျန်းမာသန်စွမ်စေရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံ ပညာကျောင်းများသို့ ကွင်းဆင်း၍ Abateဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းနှင့် ကျောင်းမုန့်စျေးဆိုင်များစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စဉ့်ကူးမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်နိုင်ရေး မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်
Jun 04,2026
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့်ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း​အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာပညာသင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေး
Jun 04,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် မကွေးမြို့ပေါ်ရှိအခြေခံပညာကျောင်းများသို့လိုက်လံကြည့်ရှုအားပေးသည်။
မြစ်သားမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေးပေးခြင်းများ ဆောင်ရွက်
Jun 04,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများမှ မြို့ပေါ် ၆ ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၁ နှစ် ခွဲအောက် ကလေးငယ်များအား ဇွန် ၄ ရက် နံနက် ၉ နာရီကစတင်ပြီး လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေးပေးခြင်းကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနရုံးခန်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်
Jun 04,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၈) နာရီကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
မြစ်သားမြို့နယ် အခြေခံပညာကျောင်းများ၌ လက်ဆေးနည်းပညာ‌ပေးဟော‌ပြောခြင်း၊ Abate ဆေးခပ်ခြင်းနှင့် ကျောင်းမုန့်စျေးဆိုင်များ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 04,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ အခြေခံပညာကျောင်းများ၌ ကျောင်းဖွင့်ချိန် ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ် နိုင်စေရန်ရည်ရွယ်၍ လက်ဆေးနည်းပညာ‌ပေးဟော‌ပြောခြင်း၊ Abate ဆေးခပ်ခြင်းနှင့် ကျောင်းမုန့်စျေးဆိုင်များစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဇွန် ၂ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။