Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
မချမ်းဘော့တွင် ကျေးလက်ဒေသပြည်သူများအား Cash For Work စီမံကိန်းဖြင့် Covid-19 ကာလတွင် ဝင်ငွေရရန်အတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်
Aug 11,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For work စီမံကိန်းဖြင့် ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသရှိ ပြည်သူများအား ရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်၌ Grade-4 သင်တန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို အ.ထ.က(၁) လက်ပံတန်းကျောင်း ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံခရိုင်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် တင်သွင်းလွှာများ စစ်ဆေး
Aug 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့နံနက်(၁၀)နာရီမှ စတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖျာပုံခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင် မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်တင်သွင်းလွှာများ စိစစ်ခြင်းကို ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သီတဂူချင်းတွင်းဗုဒ္ဓတက္ကသိုလ်(မုံရွာ) ဩဝါဒခံယူခြင်းနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အောင်ဇေယျမြို့သစ်၊ သီတဂူ ချင်းတွင်းဗုဒ္ဓတက္ကသိုလ်(မုံရွာ)၌ သီတဂူချင်းတွင်းဗုဒ္ဓတက္ကသိုလ်(မုံရွာ)ဩဝါဒခံယူခြင်းနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဩဂုတ် ၁၁ ရက်နေ့ နံနက် နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် လျှပ်စစ်သုံးစွဲမှု ကုန်ကျစရိတ် လျော့နည်း သက်သာစေရန် ရေနံဓာတ်ငွေ့ရည်များ သုံးစွဲနိုင်ရေး တွေ့ဆုံဆွေးနွေး
Aug 11,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် ပြည်သူများအနေဖြင့် လျှပ်စစ်သုံးစွဲမှု ကုန်ကျစရိတ် လျော့နည်း သက်သာစေရန် ရေနံဓာတ်ငွေ့ရည်များ သုံးစွဲနိုင် ရေး တွေ့ဆုံဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 11,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများစနစ်တကျ စီမံထားရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနရုံးရှိ စည်သူခန်းမ၌ကျင်းပရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူးများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများတက်ရောက် သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုတွင် မြစ်ကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ နေအိမ်များနှင့် မြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအား သွားရောက်ထောက်ပံ့
Aug 11,2020
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှုးရုံးမှ ဝန်ထမ်းများကပဲခူးတိုင်းဒေသကြီး၊ သာယာ ဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းကျေးရွာများမှမြစ်ကမ်းပါးပြိုကျ မှုကြောင့်ကြိုတင်ပြောင်း
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံတိကျမှန်ကန်စေရေး ညှိနှိုင်းဆွေးနွေး
Aug 11,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံ တိကျမှန်ကန်စေရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲကို ဩဂုတ် ၁၁ ရက် ၊ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမ ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
31942
Page
31943
Page
31944
Page
31945
Current page
31946
Page
31947
Page
31948
Page
31949
Page
31950
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department