သတင်းများ

လှိုင်သာယာ(အရှေ့ပိုင်း)တွင် မဲစာရင်းကပ်ထားမှုအခြေအနေနှင့် ရပ်ကွက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းများ ကပ်ထားမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက အမှတ်(၅) ရပ်ကွက် နှင့် အမှတ်(၆) ရပ်ကွက်တို့အား ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ဟိုပန်ခရိုင် အရေးပေါ်ကာလစီမံခန့်ခွဲမှုနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးပြုလုပ်
Aug 11,2020
(၀)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် အရေးပေါ်ကာလ စီမံခန့်ခွဲမှုကော်မတီနှင့် ခရိုင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၁ရက်နေ့ နံနက်(၁၀) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။
ပလောက်မြို့၌ အသက် (၅) နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေး
Aug 11,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ် (၂) ရပ်ကွက်ရှိ အသက် (၅) နှစ်အောက်ကလေးများအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်တွင် စတင်ဆောင်ရွက်ခဲ့သည်။
လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (တောင်သူ)သင်တန်း အမှတ်(၄၇) စက်မှုလယ်ယာစခန်း လယ်ဝေးမြို့တွင်ဖွင့်လှစ်
Aug 11,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၇) စက်မှုလယ်ယာစခန်း လယ်ဝေးမြို့တွင် ယနေ့ နံနက်(၈)နာရီခွဲက လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၁၉-၂၀၂၀) ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့တွင် ဘိုယားတမံအဝင်လမ်းအား မြေသားအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်အရှေ့ဘက်၊ ဘိုးယား တမံအဝင်လမ်းအား မြေသားအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှသိရသည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအတွက် ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနား မိုင်းပန်၌ ပြုလုပ်
Aug 11,2020
၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း မိုင်းပန်မြို့နယ်၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများအတွက် မိုးစပါးမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် မိုးစပါးဓာတ်မြေဩဇာ ကြဲပက်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မိုင်းပန်-တာဆန်းသွားလမ်းနံဘေးရှိ၊ ဘက်စုံကွင်းတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ (VRFP) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ၁၇ ရွာသို့ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်
Aug 11,2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ Village Revolving Fund Project (VRFP) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ (၁၇) ရွာသို့ စီမံကိန်းရန်ပုံငွေ သိန်း (၄၀၀၀) အား လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စျေးကွက် စောင့်ကြည့်စစ်ဆေးရေး အဖွဲများနှင့် ပူးပေါင်းကာ ယနေ့နံနက် ၈ နာရီခွဲက အင်းမမြို့ စည်ပင်သာယာရေးစျေးအတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသော ကုန်စည် ၁၀ မျိုးမှ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေနှ့င်အညီ ဆောင်ရွက်ထားရှိမူ ရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။