သတင်းများ

ကော့သောင်းမြို့နယ်အတွင်း သဘာဝဘေးဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့
Aug 11,2020
ကော့သောင်းခရိုင်အတွင်း ယခုလပထမပတ်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခက်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ကြသည့် ကော့သောင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာမှ အိမ်ထောင်စုများအား ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ကူညီမှုလုပ်ငန်းများ လိုက်လံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ကျောက်အိုးကျေးရွာတွင် ချောင်းကူးကွန်ကရစ်တံတားသစ်တည်ဆောက်
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် ညောင်ကုန်း-ပြေကန်- ကျောက်အိုးကျေးရွာ အုပ်စုများနှင့် မင်းကင်းမြို့ ကျေးလက် လမ်းပေါ်ရှိ ကျောက်အိုးချောင်းကူးသံကူကွန်ကရစ်တံတားတည် ဆောက်ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၁) တံတားအထူးအဖွဲ့မှတာဝန်ယူတည်ဆောက်နေပြီဖြစ်ကြောင်းသိရသည်။
နမ့်ဆန်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာစိစစ်ခြင်း အခမ်းအနားပြုလုပ်
Aug 11,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒအသီးသီး၌ ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းလွှာ စိစစ်ခြင်းအခမ်းအနားကို ဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ယနေ့နံနက် (၁၀)နာရီက ဒေသဦးစီးအစည်း အဝေးခန်းမ၌ ပြုလုပ်သည်။
ကော့ကရိတ်မြို့တွင် နေရပ်ပြန်ပြည်သူ​​များ ထပ်မံ​ရောက်ရှိ
Aug 11,2020
ကရင်ပြည်နယ်၊ ​ကော့ကရိတ်မြို့တွင် နေရပ်ပြန်ပြည်သူ​​များပြန်လည်ဝင်​ရောက်လျက်ရှိရာ ယမန်​နေ့နံနက် (၁၁) နာရီချိန်တွင် ဘားအံမြို့​ စောင့်ကြည့်​ရေးစခန်းမှတစ်ဆင့်​ နေရပ်ပြန်ပြည်သူ​​ (၃၀) ဦး ထပ်မံ​ရောက်ရှိခဲ့သည်။
ဖရူဆိုမြို့နယ်တွင် အသက် ၆ လမှ ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး
Aug 11,2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များအား နှစ်စဉ်နှစ်တိုင်း ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဖရူဆိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှ အသက် ၆ လ မှ အသက်ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများအား ထပ်မံခုနှစ်ရက်တိုးမြှင့် ကပ်ထားကြေညာလျက်ရှိ
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံ အတိုင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုများ၌ ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရေး ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်နေ့အထိ ကပ်ထားကြေညာထားလျက်ရှိရာ သြဂုတ် ၈ ရက်မှ ၁၄ ရက်နေ့အထိ နောက်ထပ်ခုနှစ်ရက် ထပ်မံတိုးမြှင့်ကပ်ထားကြေညာထား ကြောင်း သိရှိရသည်။
သရက်ခရိုင်အတွင်း နိုင်ငံရေးပါတီများမှ လျှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား စိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Aug 11,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ် လောင်း များအား စိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း (UTMAA) က တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)သို့ ပရိုဂျက်တာ လှူဒါန်း
Aug 11,2020
တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း (UTMAA)က တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)သို့ ပရိုဂျက်တာတစ်ခုလှူဒါန်းခြင်းကို ယနေ့နံနက် ၁၀နာရီက အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)တွင် ကျင်းပသည်။