သတင်းများ

ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ စပါးမျိုးသန့်ထုတ် တောင်သူများအတွက် နိုင်ငံတော်မှ ပံ့ပိုးငွေ ထုတ်ပေးသွားမည်
Aug 11,2020
နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်ကာလစီးပွားရေးကုစားမှု အစီအစဉ်၊ COVID 19 Economic Relief Plan (CERP) အရ စပါးမျိုးသန့်ထုတ် တောင်သူများအတွက် နိုင်ငံတော်မှ ပံ့ပိုးငွေ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မျိုးသန့်မျိုးစေ့ထုတ်လုပ်သူတောင်သူများနှင့် တွေ့ဆုံ ညှိနှိုင်းပွဲတွင် သိရသည်။
ဖာပွန်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရေးဆိုင်ရာ ဒုတိယအကြိမ် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 11,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရေးဆိုင်ရာ ဒုတိယအကြိမ် အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ချီဖွေမြို့နယ် ပြည်သူ့ဆေးရုံတွင် Quarantine ဝင်နေသော အမျိုးသားတစ်ဦးအား မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့မှ အာဟာရပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 11,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြည်သူ့ဆေးရုံတွင် Quarantine ဝင်နေသော အမျိုးသား တစ်ဦးအား မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့မှ ယမန်နေ့နံနက် ၁၁ နာရီခွဲတွင် အာဟာရ ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
ကသာမြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ ရပ်ကွက်နှင့် ကျေးရွာများရှိ အမျိုးသမီးများအား သုံးနှစ်မှ ငါးနှစ် အရွယ်ကလေးများကို နည်းစနစ်မှန်ကန်စွာ ပြုစုပျိုးထောင်သည့်နည်းလမ်းများ သိရှိနိုင် စေရန်ရည်ရွယ်၍ ရှေးဦးအရွယ်ကလေး သူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ အခြေခံ(အခမဲ့) သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက တောင်ပေါ်ကျောင်းတိုက်ရှိ ဘုန်းတော်ကြီး သင်ပညာ‌ရေးကျောင်း၌ စတင်ဖွင့်လှစ် သင်ကြားခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲစာရင်း ကပ်ထားဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကွင်းဆင်းကြည့်ရှု
Aug 11,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ၂၀၂၀ ပြည့်နှစ် ပ
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်း ကြည့်ရှုခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Aug 11,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသည့် မဲဆန္ဒရှင်စာရင်း ကြည့်ရှုခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ ညနေပိုင်းက ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူ များနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူ့ လက်ဝယ် အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ
Aug 11,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် “လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်း တို့ကာကွယ်” အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီခွဲတွင် ပမ္မတီးရပ်ကွက် မြစ်ကြီးနား လေဆိပ်အဝင်ပေါက်၌ စိုထူခဲ့ကြကြောင်းသိရှိရသည်။
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာ၌ Cash For Work စီမံကိန်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Aug 11,2020
မကွေးတို်ငးဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်တွင် ကျေးရွာ(၈)ရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ Cash For Work စီမံကိန်းဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျေးရွာတစ်ရွာ လျှင် ငွေကျပ်သိန်းတစ်ရာ ထောက်ပံ့ပေးပြီး ကျေးရွာကုန်ထုတ်လုပ်မှုနှင့်အခြခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်သားအင်အားအသုံးပြုရသည့်နည်းလမ်းဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။