သတင်းများ

မြိတ်မြို့နယ်တွင် ‌ကျောင်းသား၊ ကျောင်းသူ (၂၃၀၅) ဦး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သောကြောင့် အောင်ချက်ရာခိုင်နှုန်း (၃၂ ဒသမ ၀၆) ရာခိုင်နှုန်း ရရှိ
Aug 11,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို နိုင်ငံတစ်ဝှမ်း၏ ထုတ်ပြန်ကြေညာချက်အရ မြိတ်မြို့နယ်၏ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင် စာရင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေညာခဲ့ပြီး ယမန်နေ့ နံနက် (၉) နာရီအချိန်မှစ၍ အ.ထ.က ကျောင်းများ၌ Social Distancing နှင့်အညီ ကြေညာထားကြောင်း သိရသည်။
ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေး အန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပွားပါက
ထန်တလန်မြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 11,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ထန်တလန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ထန်တလန်မြို့ အမှတ် (၂) ရပ်ကွက်ရှိ စေတနာအဆောင်တွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးခရိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ (၁၃၂၂၇) ဦးရှိ၍ အောင်မြင်သူ (၄၆၆၄) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း (၃၅ ဒသမ ၂၆၁) ရာခိုင်နှုန်းရှိ
Aug 11,2020
၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ယမန်နေ့က သက်ဆိုင်ရာစာစစ်ဌာနများအလိုက် အောင်စာရင်းများ ကပ်ထားသော်လည်း လာရောက်ကြည့်ရှုသူမရှိသလောက်နည်းပါးကာ Online မှကြည့်ရှုသူများပြားခဲ့ကြောင်း ညောင်ဦးခရိုင် ၊ အခြေခံပညာဦးစီးဌာန ၊ခရိုင်ပညာရေးမှူးရုံး ၊ဦးကြည်လင်း (လက်ထောက်ညွှန်ကြားရေးမှူး)ကပြောကြားသည်။
​ဖောင်းပြင်မြို့နယ်တွင် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ်သင်တန်းပို့ချ
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ် သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် အဆိုပါဌာ၌ ဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။
မအူပင်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Aug 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံညှိနိုင်းမှုအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။