သတင်းများ

သံတောင်ကြီးမြို့၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာမှုအား ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေး
Aug 06,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများမှကပ်ထားလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သံတောင်ကြီးမြို့တွင် မဲဆန္ဒရှင်စာရင်းကပ်ထားကြေငြာမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ခင်တဲကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ၈၅ ရာခိုင်နှုန်းခန့် ပြီးစီး
Aug 06,2020
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ခင်တဲကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝ ထိခိုက်မှုများအပေါ် တုံပြန်ဆောင်ရွက်သည့်အနေဖြင့် မိသားစုဝင်ငွေရရှိရေးအတွက် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း ပြီးစီးမှု ၈၅ ရာခိုင်နှုန်းခန့်ပြီးစီးသွားပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရ သည်။
လှည်းကူးမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအား ရှင်းလင်း ဆွေးနွေး
Aug 06,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ် စီမံခန့်ခွဲမှုဥပဒေအား ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ နံနက်(၁၂)နာရီ(၁၀)မိနစ်က ရဲမွန်ကျေးရွာ အုပ်ချုပ်ရေး မှူးရုံး၌ ကျင်းပခဲ့သည်။
ရွှေဘိုခရိုင် ကျောက်မြောင်းမြို့တွင် မိုးစပါးမျိုး‌စေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကျင်းပ
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊‌ဂွေးပင်ကုန်ကျေးရွာ တွင် မိုးစပါးမျိုးစေ့ချကိရိယာ(Drum Seeder) ဖြင့် စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက တောင်သူဦး‌သောင်းအေး၊ ကွင်းအမှတ်-၂၇၁၈က၊ ဦးပိုင်အမှတ်-၂၇၊ စိုက်ဧက(၃.၀၀)ဧက ၌စိုက်ပျိုးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဝချောင်း၌ ရေမြင့်တက်လာသဖြင့် သာယာကုန်းရွာအတွင်း ရေစတင်ဝင်ရောက်
Aug 06,2020
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၏ အနောက်တောင်ဘက် (၁၂) မိုင်ခန့်အကွာ တနင်္သာရီမြစ်အတွင်း စီးဝင်သည့် ပဝကျေးရွာအုပ်စု-ပဝချောင်း ကမ်းနံဘေးရှိ ပဝကျေးရွာအုပ်စု-
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာသို့ ကိုဗစ်-၁၉ကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်း
Aug 06,2020
နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)သို့ ယမန်နေ့ နေ့လယ်(၁၂)နာရီ က မြို့နယ် ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ချောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ‌အတွက် မဲရုံမှူး၊ ဒု-မဲရုံးမှူး နှင့် အဖွဲ့၀င်များခန့်အပ်နှံရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 06,2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ‌အတွက် မဲရုံမှူး၊ ဒု-မဲရုံး မှူးနှင့်အဖွဲ့၀င်များခန့်အပ်နှံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့‌ နေ့လယ် (၂) နာရီခွဲက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပုလောမြို့နယ် ပလမြို့ အမှတ် (၃) ရပ်ကွက် သဘာ၀ဘေးသင့်နေအိမ်တစ်လုံးအား ငွေနှင့်အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 06,2020
ပုလောမြို့နယ်၊ ပလမြို့ အမှတ် (၃) ရပ်ကွက်တွင် သြဂုတ်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှု ကြောင့် သဘာ၀ဘေးသင့်ခဲ့သော