သတင်းများ

ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများတွင် မိမိအမည် ပါရှိစေရေး အသိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Aug 05,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်း များတွင် မိမိအမည်ပါရှိစေရေးအတွက် မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် မြို့မဈေးအတွင်းနှင့် ယာယီပျံကျဈေးတို့၌ အသိပေး ပိုစတာများ လိုက်လံဖြန့်ဝေ ပေးသည်။
ရွာသစ်မြို့တွင် အာဖရိကဝက် အပြင်းဖျားရောဂါအကြောင်း သိကောင်းစရာနှင့် အခြေခံမွေးမြူရေး အကြောင်း အသိပညာပေး
Aug 05,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကယားပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း သိကောင်းစရာနှင့် အခြေခံမွေးမြူရေး အကြောင်း အသိပညာပေးဆွေးနွေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲ အချိန်က ကယားပြည်နယ်၊ ရွာသစ်မြို့ ဝမ်လွဲ့ကျေးရွာ ခန်းမဆောင်၌ ကျင်းပသည်။
သီပေါတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်
Aug 05,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club) ၊ လူငယ်အသင်း ( Youth Club) တို့ပူးပေါင်း၍စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ ဆွေးနွေး ဖလှယ်နိုင်စေရန်နှင့် စာတတ်သူတိုင်း စာဖတ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲ အချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်မဲဆန္ဒရှင်အမည်စာရင်းများကို သြဂုတ်လ ၇ ရက်နေ့မတိုင်မီထိ လာရောက်ကြည့်ရှုကြ
Aug 05,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက် (၁၈) နှစ်ပြည့်ပြီးသူများ မဲဆန္ဒရှင်အမည်စာရင်းများကို သြဂုတ်လ ၇ ရက်နေ့မတိုင်မီထိ လာရောက်ကြည့်ရှု၍ရကြောင်း သိရသည်။
ပန်နန်းဒင်မြို့၌ အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်
Aug 05,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့၌ ရုံး၀န်ထမ်းများ အခြေခံကွန်ပျူတာ တတ်မြောက်စေရန် ရည်ရွယ်ပြီး ကွန်ပျူတာသင်တန်း(၁/၂၀၂၀)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပန်နန်းဒင်မြို့ခါကာဘိုရာဇီခန်းမ၌ ကျင်းပပြုလုပ်သည်။
ကော့သောင်းမြို့နယ်အတွင်း သဘာဝဘေးဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့မှုများဆောင်ရွက်
Aug 05,2020
ကော့သောင်းခရိုင်အတွင်း ယခုလပထမပတ်အတွင်းက ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ကြသည့် ကော့သောင်းမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများမှ အိမ်ထောင်စုများအား ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ကူညီမှုလုပ်ငန်းများ လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၄၉)ဉီး အား ဓာတ်ခွဲနမူနာများ ရယူ
Aug 05,2020
တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၄၉)ဉီးအား ချင်းရွှေဟော်မြို့၊ မြို့တော်ခန်းမ၊ အသွား အလာကန့်သတ် စောင့်ကြည့်ရေးစခန်း၌ ခေတ္တထားရှိ၍ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုရှိ / မရှိ ဓာတ်ခွဲ စစ်ဆေး နိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ကုသရေးဉီးစီးဌာနမှ ၎င်းတို့၏ အာခေါင်တို့ဖတ်၊နှာခေါင်းတို့ဖတ်တို့အားရယူခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။