Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ကလေး၀မြို့နယ်၌ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ Cash For Work စီမံကိန်းဖြင့် အကောင် အထည် ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (၆) ရွာအနက် ကျော်ဇင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၌ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ယမန်နေ့မွန်းလွဲ ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့တွင် သာသနာ့ဗိမာန်တော်ကြီးတည်ဆောက်ရေး ဆရာတော်၊ သံဃာတော်ကြီးများ ဆွေးနွေးညှိနှိုင်း
Aug 07,2020
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သာသနာ့ဗိမာန်တော်တည်ဆောက်နိုင်ရေးအတွက် ဆရာတော်၊ သံဃာတော်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်သံဃနာယကအဖွဲ့ရုံး ဓမ္မဝါသီကျောင်းတိုက်၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါး၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကို လိုက်နာမှုမရှိဘဲ မော်တော်ယာဉ်မောင်းနှင်သွားလာသူများအား ဥပဒေနှင့်အညီစတင်အရေးယူ
Aug 07,2020
ချင်းပြည်နယ် ဟားခါးမြို့အတွင်း စီးနင်းလျက်ရှိသော မော်တော်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးရည်ရွယ်၍ အသစ်ထုတ်ပြန်ထားသည့် မော်တော်ယာဉ်များ မောင်းနှင်နေစဉ် လိုက်နာရမည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအသစ်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား အရေးယူဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့၊ ဗိုလ်ချုပ် လမ်းမကြီးတစ်လျှောက်တွင် အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (ဟားခါး)မှ စတင်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ရှိ ပြတိုက်ငယ်(Mini Museum) တွင် ထားရှိပြသနိုင်ရန် တိုင်းရင်းသားရိုးရာဝတ်စုံများနှင့် ရိုးရာ အသုံးဆောင်ပစ္စည်းများ လှူဒါန်း
Aug 07,2020
တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားသော ပြတိုက်ငယ် (Mini Museum) တွင် ထားရှိပြသနိုင်ရန်အတွက် လူရှိုင်း တိုင်းရင်းသားရိုးရာ ဝတ်စုံများနှင့် ရိုးရာအသုံးဆောင် ပစ္စည်းများကို လူရှိုင်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ယမန်နေ့ မွန်းလွဲ (၂) နာရီ အချိန်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့အတွင်းရှိ ရေမြောင်းများတွင် ရေစီးရေလာကောင်းမွန်ရေးနှင့် အနံ့အသက်ပျောက်ကင်း၍ ပိုးလောက်လန်းများ မရှိစေရန် မြောင်းရှင်းလင်းခြင်းနှင့် ဆေးခတ်ခြင်းများ ဆောင်ရွက်
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့အတွင်းရှိ ရေမြောင်းများတွင် ရေစီးရေလာ ကောင်းမွန်ရေး နှင့် အနံ့အသက်ပျောက်ကင်း၍ ပိုးလောက်လန်းများ မရှိစေရန်အတွက် ခန္တီးမြို့ စည်ပင် သာယာ ရေး ကော်မတီ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် ခရိုင်/ မြို့နယ် လူငယ်ရေးရာ ကော်မတီ ပူးပေါင်းပြီး သြဂုတ်လ ၆ ရက်နေ့ တွင် မြောင်းရှင်းလင်းခြင်း နှင့် ဆေးခတ်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ ရာသီစာ ကြောင်လျှာသီးများ ရောင်းအားကောင်း
Aug 07,2020
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ရာသီစာကြောင်လျှာသီးများ ထွက်ပေါ်နေလျက်ရှိရာ ရောင်းအားကောင်း၍ စျေးကောင်းရရှိပြီး ဝင်ငွေကောင်း လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်တွင် ကျေးရွာမီးလင်းရေးနှင့် ဆက်သွယ်ရေးလမ်းဖောက်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Aug 07,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အုန်းပင်စုကျေးရွာတွင် ဆောင်ရွက်မည့် ကျေးလက်ဒေသ မီးလင်းရေးနှင့် ကျေးရွာဆက်သွယ်ရေးလမ်း ဖောက်လုပ်နိုင်ရေး အတွက် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ယမန်နေ့ နေလယ်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့နယ် မင်းရန်အောင်ခန်းမ Facility Quarantine Center တွင် နေရပ်ပြန်(၁)ဦး စောင့်ကြပ်ထားရှိ
Aug 07,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန် (၁)ဦးကို ယမန်နေ့ နံနက်ပိုင်းက မက်မန်းမြို့နယ် မင်းရန်အောင်ခန်းမ Facility Quarantine Center ၌ အသွားအလာကန့်သတ်ကာလ ၂၁ ရက် စောင့်ကြပ်ကြည့်ရှုထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
32084
Page
32085
Page
32086
Page
32087
Current page
32088
Page
32089
Page
32090
Page
32091
Page
32092
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department