သတင်းများ

ပင်လည်ဘူးမြို့၌ သဘာဝဘေးလျော့ပါးစေရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်း ဖွင့်လှစ်
Mar 12,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ သဘာဝဘေးလျော့ပါးစေရေး စေတနာ့ဝန်ထမ်း လူငယ် ဆင့်ပွား သင်တန်း အမှတ်စဉ်(၁/၂၀၂၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့၌ ကျေးရွာစွန့်ပစ် အမှိုက်စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့‌သော ကျေးရွာခုနှစ်ရွာအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
Mar 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျေးရွာစွန့်ပစ် အမှိုက်စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သော ကျေးရွာ ခုနှစ်ရွာအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထန်တလန်၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Mar 12,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင် ထန်တလန်မြို့၌ ကလေးများ ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန် မြှင့်တင်ရေး၊ တီထွင် ဖန်တီးလိုစိတ် မြင့်မားရေးနှင့် စာကြည့်တိုက်များကို နေ့စဉ်နှင့်အမျှ ကောင်းစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကျင်းပသည်။
ကလေးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှပြင်သင်တန်းနှင့် မုန့်ပြုလုပ်နည်း သင်တန်းဆင်းပွဲကျင်းပ
Mar 12,2020
ကလေးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ပန်းအလှပြင် သင်တန်းနှင့် မုန့်ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ (၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၌ ရေနုတ်မြောင်းများ တူးဖော်ခြင်းဆောင်ရွက်
Mar 12,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ရေစီးရေလာကောင်းမွန်စေရန်၊ ခြင်များပေါက်ဖွားမှုမရှိစေရန်နှင့် မြို့နယ်သန့်ရှင်းလှပစေရန်ရည်ရွယ်၍ ရေနုတ်မြောင်းများတူးဖော်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မြို့သစ် က/၇ လမ်းတွင် ဆောင်ရွက်ခဲ့သည်။
မော်လိုက်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ
Mar 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး အသိပညာများကို သိရှိနားလည်စေရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့လူထုအခြေပြုဗဟိုဌာန၌ စကားပုံဆက်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ ကျင်းပ ပြုလုပ်
Mar 12,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ စကားပုံဆက်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် အားကစားနည်း (၅) မျိုး သင်တန်းဖွင့်လှစ်
Mar 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အားကစားကို စိတ်ပါဝင်စားသူ လူငယ်များအတွက် အခြေခံအားကစားနည်းသင်တန်း (၅) မျိုးကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အောင်ဆန်းသူရိယလှသောင်းအားကစားခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။