သတင်းများ

အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Mar 13,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့၊နံနက်(၉:၀၀)နာရီ အချိန်က အဆိုပါ သင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ)မှ ဗိုလ်မှူးကြီး အောင်ကိုဝင်း က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ရာ အဆင့်မြင့် စက်ချုပ်ပညာရပ် တွေဟာ မြန်မာအမျိုးသမီးတစ်ဦးအနေဖြင့် မဖြစ်မနေသင်ထား၊ တတ်ထားသင့်သော ပညာရပ်တွေဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် မိမိတို့တတ်မြောက်ပြီးသည့် ပညာရပ် တွေကို ဆက်လက်လေ့လာပြီး မှန်ကန်သော အသက်မွေးဝမ်းကျောင်းများဖြင့် ဘဝရပ်တည် နိုင်ရေး ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။
ဆားလင်းကြီးမြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ
Mar 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ဆားလင်းကြီး) အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက အဆိုပါ သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဟားခါးမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်ပညာ အမှတ်စဉ်(၁)သင်တန်း ဆင်းပွဲ ကျင်းပ
Mar 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ ချင်းပြည်နယ် ရုံးကွပ်ကဲမှုအောက်ရှိ ဟားခါးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ်(၁/၂၀၂၀)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ သင်တန်း ကျောင်းခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် က တက်ရောက် အမှာစကားပြောကြားသည်။
ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာ(၂၁၈၆)ဦး ဖြေဆို
Mar 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာနေ့တွင် (၂၁၈၆) ဦး ဖြေဆိုကြောင်း သိရသည်။
တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်
Mar 13,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှစ၍ မြန်မာ တစ်နိုင်ငံ လုံးတွင် ဖြေဆိုလျက်ရှိရာ ဂန့်ဂေါမြို့နယ်တွင် စာဖြေဌာန(၁၃)ခုရှိပြီး မတ် ၁၃ ရက်တွင် (တတိယ)နေ့ သင်္ချာဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက် တာဝန်ရှိသူများ ဂရုစိုက်ကြပ်မတ်လျက်ရှိသည်။
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) တွင် (ကိုရိုနာဗိုင်းရပ်စ်) နှင့်ပတ်သက်၍ အသိပညာပေး ဟောပြော
Mar 13,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အဆုတ်ရောင်ရောဂါ (ကိုရိုနာဗိုင်းရပ်စ်) နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီ (၁၅) မိနစ်အချိန်က အဆိုပါကျောင်းရှိ စုဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ အဆင့်မြင့်စက်ချုပ် သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ
Mar 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ကော့သောင်းခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးနေဦး တက်ရောက် သင်တန်းဆင်းအမှာစကားပြောကြားသည်။
မြဝတီမြို့နယ်ရှိ ကျေးရွာများ၌ အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Mar 13,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူပေါင်းပြီး ကျေးလက်နေ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားရေးတို့အတွက် ယမန်နေ့ နံနက် ၉ နာရီအချိန် က မြဝတီမြို့နယ် ထီးချားလားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။